Part 90

400 58 0
                                    

Chapter 90 : မြှုပ်နှံထားသော အရည်အချင်း

ပထမပွဲပြီးနောက် ငါးမိနစ်အနားယူခဲ့သည်။ မျက်နှာပြင်ကြီးသည် ဂိမ်း၏အဓိကပစ်ချက်များကို ခုနက ပြသနေခဲ့သည်။ ဒါရိုက်တာသည် ရိုက်ချက်အများစုကို Snow Leopardအဖွဲ့၏ Windသို့ ပြခဲ့သည်။ ၎င်းသည် သပ်ရပ်သောနှစ်ထပ်ကျွမ်းကျင်မှု၏ပထမလှိုင်း သို့မဟုတ် နောက်လာမည့်အဖွဲ့တိုက်ပွဲများတွင် တိကျသောရိုက်ချက်များဖြစ်ပါစေ စနိုက်ပါ၏စွမ်းဆောင်ရည်သည် အမှန်တကယ်ပင် မှတ်သားဖွယ်ကောင်းသည်။

ကျန်းရှောင်ယွီသည် ကင်းထောက်၏ နေရာချထားမှုကို ကြည့်ချင်သော်လည်း ကြီးမားသော ဖန်သားပြင်ပေါ်မှ ရိုက်ချက်များကို ဒါရိုက်တာမှ ဆုံးဖြတ်ခဲ့သည်။ ဒါရိုက်တာမှာ စနိုက်ပါသည် အကောင်းဆုံးစွမ်းဆောင်နိုင်သည်ဟု ထင်ကာ ကင်မရာကိုစနိုက်ပါ၏အမြင်သို့ ဆက်လက်ပြောင်းလဲခဲ့သည်။ Snow Leopard အဖွဲ့၏ ကင်းထောက်သည် အထူးအသားပေးမှုများတွင်ပင် မပေါ်ခဲ့ပါ။

ကျန်းရှောင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။ "ဒါရိုက်တာ... ထားလိုက်တော့။ နောက်မှကြည့်ဖို့ ဗီဒီယိုကို ကော်ပီယူလိုက်မယ်"

မကြာခင်မှာပင် ဒုတိယဂိမ်းစတင်ခဲ့သည်။

ရှောင်းဟူပြောလိုက်သည်။ "ဒုတိယပွဲက VV အသင်းရဲ့အိမ်ကွင်းပါ။ ဘယ်ပုံစံကို ရွေးကြမလဲ"

"VV အဖွဲ့ဟာ Extreme Duelပုံစံကို ရွေးချယ်ထားပါတယ်။ မြေပုံကတော့... Ghost Castleပါ"

"Ghost Castleဟာ လိဂ်မှာ အရမ်းအသုံးများတဲ့ မြေပုံတစ်ခုပါ။ အလင်းရောင်မှိန်မှိန်နဲ့ ရုပ်ထုအတားအဆီး အများကြီးပါပဲ။ မြေပုံက အလတ်စားမြေပုံဖြစ်ပြီး မြေမျက်နှာသွင်ပြင်မှာ မရှုပ်ပါဘူး။ Extreme Duelပုံစံမှာ ဦးခေါင်း 50 ရတဲ့အသင်းက အနိုင်ရပါတယ်။ နှစ်သင်းလုံးရဲ့ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို စောင့်မျှော်ကြရ‌အောင်"

ဂိမ်းစတင်သည်နှင့် VV အဖွဲ့မှ အဖွဲ့ဝင်ငါးဦးသည် အဖွဲ့လိုက်ချီတက်ရန် ရွေးချယ်ခဲ့သည်။ သူတို့သည် ရှေ့တွင် အားဖြည့်သူ၊ သူ၏ဘယ်နှင့် ညာဖက်ရှိ ကင်းထောက်နှင့် ချေမှုန်းသူနှင့် နောက်ဘက်တွင် စနိုက်ပါသမားနှင့် ဆေးဆရာတို့ဖြင့် မြေပုံပေါ်တွင် ဂန္ထဝင် 'ချွန်ထက်သော ဓားဖွဲ့စည်းမှု' ကို ယူခဲ့ကြသည်။ ဤဖွဲ့စည်းပုံမှာ တိုက်စစ်အပြင်ခံစစ်ပါ ပါဝင်‌ သောကြောင့် အသင်းဖော်များအား တတ်နိုင်သမျှ အမြန်ပံ့ပိုးပေးနိုင်သည်။ ပြတ်ပြတ်သားသား ပူးပေါင်းဆောင်ရွက်ပါက ချွန်ထက်သောဓားကဲ့သို့ ရန်သူ၏ခံစစ်စည်းကို ချက်ချင်းဖြတ်ကျော်နိုင်မည်ဖြစ်သည်။

ရွှေအဆင့်နည်းပြOpowieści tętniące życiem. Odkryj je teraz