Part 7

1.1K 165 0
                                    

Unicode

Chapter 7 : လမ်းထောင့်ဖြတ်ကူးခြင်း

မိုဟန်တျန်းသည် ဤရက်ပိုင်းအတွင်း စိတ်အဆင်မပြေခဲ့ပေ။

ကမ္ဘာ့စီးရီးတွင် အရှုံးရရှိသွားပြီးနောက် နည်းပြကျန်းမှာ အလွန်ဆိုးရွားစွာ အဆူခံခဲ့ရကာ မိုဟန်တျန်းသည် ကီးဘုတ်တိုက်ခိုက်သူများ၏ စကားများအျပါ် သေချာပေါက် မလွတ်မြောက်နိုင်သေးပေ။

“အခြားလက်ရွေးစင်အသင်းကလူက ခေါင်းထိအောင်ပစ်နိုင်ပေမယ့် ငါတို့သေနတ်ပစ်သမားက လေထဲကို ပစ်လိုက်တယ်တဲ့လား”

“မိုဟန်တျန်းက အဲ့လိုအခြေအနေမှာပဲနေခဲ့ရတာ‌လေ။ သူကလေထဲကတိမ်တွေကိုပဲပစ်နိုင်တယ်”

“ငါ‌‌ မြေ‌အောက်ရထားဘူတာရုံတစ်လျှောက်လုံးမှာ သူ့ကြော်ငြာတွေကပ်ထားတာကို မြင်ရတာ‌ ရွံလာပြီ။ အဲ့မြေအောက်ရထားပေါ်တောင် မထိုင်ချင်ဘူး”

“သေနတ်ဘုရင်ရဲ့ သံတမန်တဲ့လား။ မင်းက သေနတ်ဘုရင်ရဲ့ကစားသမားတွေကို တမင်စိတ်ပျက်အောင် အခြားကစားပွဲတစ်ခုကပို့လိုက်တဲ့ လျှို့ဝှက်အေးဂျင့်မဟုတ်ဘူးလား” 

“မင်းဒီလက်စွမ်းနဲ့ လက်ရွေးစင်အသင်းထဲ ဘယ်လိုဝင်သွားတာလဲ။ မင်းငါ့အင်္ကျီထောင့်တွေတောင် ပစ်နိုင်မှာမဟုတ်ဘူး” 

“ရှောင်းမို အနားယူလိုက်တော့။ မင်းအနုပညာဇာတ်လမ်းတွဲတွေရိုက်ရုံနဲ့ ပိုက်ဆံတွေ လုပ်လို့ရကောင်းလုပ်နိုင်တယ်”

မိုဟန်တျန်းတွင် Weibo ပရိသတ်များ သန်းနှင့်ချီ၍ရှိကာ ပရိသတ်များမှာ သူတို့၏အနုပညာရှင်အား အလိုအလျောက် ကာကွယ်ပေးလိမ့်မည်။ သူတို့သည် လက်ရွေးစင်အသင်းရှုံးသွားရခြင်းမှာ နည်းပြကျန်း၏ တိုက်ကွက်စီမံမှုတွင် ပြဿနာရှိနေသောကြောင့်ဖြစ်သည်ဟု ပြောခဲ့ကြသည်။ ထိုသို့ဆိုလျှင်ပင် မိုဟန်တျန်း၏ ယုန်ညံ့သောလက်စွမ်းအား ဆူပူကြသော လူမြောက်များစွာနှင့် မှတ်ချက်ပေးသည့်နေရာမှာ ရက်ပေါင်းများစွာကြာ ရန်ဖြစ်မှုများနှင့် ပြည့်နှက်နေခဲ့သည်။ 

ဤကဲ့သို့ မုန်းတီးသည့်ပရိသတ်များ၏ မှတ်ချက်များမှာ ပါးရိုက်ခံရသည်နှင့်တူကာ သူ့အားမောပန်းစေခဲ့သည်။ 

ရွှေအဆင့်နည်းပြWhere stories live. Discover now