Part 16

1.2K 164 0
                                    

Unicode
Chapter 16: လေ့ကျင့်ရေးပြိုင်ပွဲ 

ပစ်ခတ်ခြင်း ကစားပွဲဖြစ်သည့် သေနတ်ဘုရင်တွင် အလွန်ကြွယ်ဝသော မြေပုံအမျိုးမျိုးရှိနေခဲ့သည်။ မြို့တော်များ၊ ကျွန်းများ၊ တောအုပ်များ ၊ တောင်တန်းများ...အရွယ်အစားအမျိိုးမျိုးနှင့် ပြိုင်ပွဲမြေပုံမျိုးစုံမှာ ပရော်ဖက်ရှင်နယ်လိဂ်အား ပို၍စိတ်လှုပ်ရှားအောင် ပြုလုပ်ပေးခဲ့သည်။ 

မြေပုံ၏တရားဝင်ခက်ခဲမှုအား ကြယ်သုံးပွင့်၊ လေးပွင့်နှင့် ငါးပွင့်အဖြစ်သို့ ခွဲခြားနိုင်သည်။

ကြယ်သုံးပွင့်မြေပုံမှာ အွန်လိုင်းဂိမ်း အရည်အချင်းစစ်စာမေးပွဲတွင် မကြာခဏပေါ်လာတတ်သည့် မြေပုံဖြစ်သည်။ သူတို့သည် ဦးတည်ချက်နှင့်လမ်းကြောင်းကို မှတ်မိရန် အကြိမ်တစ်ချို့လေ့ကျင့်ရမည်။ ၎င်းသည် စတင်မည့် အတွေ့အကြုံမရှိသေးသော ကစားသမားများအတွက် သင့်တော်နေခဲ့သည်။ 

ကြယ်လေးပွင့်မြေပုံများမှာ ပရော်ဖက်ရှင်နယ်လိဂ်တွင် များသောအားဖြင့် အသုံးပြုသည်။ ဥပမာအားဖြင့် သူတို့ကစားလိုက်သော Skyscraper မြေပုံမှာ ကြယ်လေးပွင့်မြေပုံဖြစ်သည်။ ၎င်းတွင် အခက်အခဲမြောက်များစွာနှင့် ကျွမ်းကျင်ကစားသမားများအတွက် လှည့်စား၍ စစ်ဆင်ရန် အဆင်ပြေအောင် ပြုလုပ်ထားသော လမ်းဆုံလမ်းခွများလည်း ရှိနေခဲ့သည်။ နည်းပြများမှာ မြေပုံအမျိုးမျိုးအရ မတူညီသောနည်းပညာများစွာကိုလည်း စီစဉ်နိုင်ခဲ့သည်။ 

ကြယ်ငါးပွင့်မြေပုံ၏အဓိက အသွင်အပြင်မှာ ရှုပ်ထွေးသော တိုက်ပွဲနယ်မြေနှင့် ပတ်ဝန်းကျင်နှောင့်ယှက်မှုတို့ဖြစ်သည်။ ပတ်ဝန်းကျင်နှောင့်ယှက်မှုများတို့တွင် မိုးသည်းထန်ခြင်း၊ မြူ၊ နှင်း၊ ဟာရီကိန်းများ၊ လှိုင်းလုံးများအစရှိသည်တို့ ပါဝင်သည်။ ၎င်းသည် ပရော်ဖက်ရှင်နယ်လိဂ်တွင် အသုံးပြုခြင်းခံရရန် ရှားပါးလှသည်။ 

Pirate Baseသည် ကွာခြားမှုတွင် အရှုပ်ထွေးဆုံး ကြယ်ငါးပွင့်မြေပုံများထဲမှ တစ်ခုဖြစ်သည်။  

ပင်လယ်၏အလယ်ပိုင်းတွင်‌ ပေါလောပေါ်နေသည့် ပျက်စီးနေသော ပင်လယ်ဓားပြလှေတစ်ခုရှိနေစဉ် နှစ်ဖက်လုံးမှကစားသမားများမှာ သင်္ဘောဦးနှင့်ပဲ့ပိုင်းတွင် အသီးသီးနေရာယူထားခဲ့ကြသည်။ မိနစ်တိုင်းဖြစ်ပွားနေသော လှိုင်းလုံးကြီးများမှာ ကိုယ်ထည်အား ကြမ်းတမ်းစွာလှုပ်ခါလိမ့်မည်ဖြစ်ကာ လှည့်ပြောင်းခံရရန် ကစားသမားများမှ ပစ်လိုက်သော ကျည်ဆန်များအတွက် လွယ်ကူနေခဲ့သည်။ ကစားသမားများမှာ ပုန်းခိုရန် ရေထဲခုန်ဆင်းနိုင်ကာ သူတို့သည် ကုန်းပတ်ပေါ်တိုက်ရိုက်တိုက်ခိုက်နိုင်ပြီး သူတို့သည် ပျောက်ကျားတိုက်ပွဲကစားရန် သင်္ဘောခန်းများထဲတွင် ပုန်းနိုင်သည်။ 

ရွှေအဆင့်နည်းပြWhere stories live. Discover now