Part 5

1.2K 112 3
                                    

Unicode

Chapter 4: သေနတ်ပစ်သမား ပြန်လာခြင်း

သေနတ်ဘုရင်မှာ ဤအခိုက်အတန့်တွင် အကျော်ကြားဆုံး ပစ်ခတ်သူတစ်ယောက် ဖြစ်နေခဲ့သည်။ ကမ္ဘာပေါ်ရှိကစားသမားများ အရေအတွက်မှာ တစ်ဘီလီယံကျော်သွားခဲ့ကာ နယ်ပယ်တစ်ခုချင်းစီတွင် သီးသန့်ဆာဗာရှိနေခဲ့သည်။ ဂိမ်းများထဲတွင် တောအုပ်များ၊ ကန္တာရများ၊ နှင်းများထူထပ်နေသောတောင်များ၊ မြို့တော်များ၊ ကျွန်းများကဲ့သို့သော မြေပုံအရေအတွက်များစွာ ရှိနေခဲ့သည်... မြင်ကွင်းသက်ရောက်မှုများမှာ အလွန်ယုတ္တိဆန်ကာ ကစားသမားများအား စိတ်လှုပ်ရှားမှုအား ခံစားမိစေကာ အလွန်ဈာန်ဝင်စွာ ပျက်စီးနေသောကမ္ဘာအား ခံစားခွင့်ပြုထားသည်။

ပျက်စီးနေ‌သောနောက်ခံနှင့် ပစ်ခတ်သည့်ကစားပွဲအနေနှင့် သေနတ်ဘုရင်တွင် အလွန်ကြွယ်ဝသော ကစားသမားနှင့်ပတ်ဝန်းကျင်ပြိုင်သည့် တာဝန်အပြင် မျှတသော ကစားသမားနှစ်ဦးယှဉ်ပြိုင်သည့်စနစ်လည်း ရှိနေခဲ့သည်။ ဆိုလိုသည်မှာ ‘ပိုက်ဆံများပြုလုပ်နိုင်သော အထူးအမှတ်ပေးစနစ်’ ဖြစ်သည်။

ပိုက်ဆံများပြုလုပ်ရန် ပိုင်ဆိုင်ရာဒေသ သို့မဟုတ် ‘အရည်အသွေးပြည့်မီသော ပြိုင်ပွဲ’ တွင် ပြိုင်ပွဲသို့ဝင်ရောက်လာသော ကစားသမားများ၏ အစပိုင်းအမှတ်များမှာ အားလုံးဆယ်မှတ်ဖြစ်နေခဲ့သည်။

အမှတ်0-500များမှာ ‘လေ့ကျင့်ရေးအဆင့် ပိုက်ဆံပြုလုပ်သူများ’ ဖြစ်ပြီး အမှတ်500-1000များမှာ ‘ဂျူနီယာ ပိုက်ဆံပြုလုပ်သူများ’ ဖြစ်ကာ အမှတ် 1000-1500များမှာ ‘သူရဲကောင်း ပိုက်ဆံပြုလုပ်သူများ’ ဖြစ်၍ အမှတ် 1500-2000များမှာ ‘ကျွမ်းကျင် ပိုက်ဆံပြုလုပ်သူများ’ ဖြစ်နေကာ အမှတ် 2000-2500များမှာ ‘သခင်အဆင့် ပိုက်ဆံပြုလုပ်သူများ’ ဖြစ်သည်။

အမှတ် 2500ကျော်သောသူများအား ‘ဒဏ္ဍာရီလာ ပိုက်ဆံပြုလုပ်သူ’ အဖြစ်အဆင့်တိုးနိုင်ကာ ရွှေရောင်တံဆိပ်အား လက်ခံရရှိနိုင်သည်။ ဤသည်မှာ အခြားကစားပွဲများတွင် ‘အသန်မာဆုံးဘုရင်’ နှင့်ညီမျှသည်။

ထို့အပြင် ‘သေနတ်ဘုရင်’ဟုခေါ်သည့် ဂုဏ်ပြုထိုက်သော အဆင့်တစ်ခုရှိနေခဲ့သည်။

ရွှေအဆင့်နည်းပြOnde as histórias ganham vida. Descobre agora