Part 68

629 99 0
                                    

Chapter 68: စာရင်းသွင်းရန်လာသော လူသစ်များ

လေ့ကျင့်ပွဲကိုကြည့်ပြီးနောက် ညစာစားချိန်ရောက်သွားခဲ့သည်။ CIPကလပ်၏ မန်နေဂျာသည် လက်ရွေးစင်ခေါင်းဆောင်များအား ညစာစားရန် လှိုက်လှိုက်လှဲလှဲ ဖိတ်ကြားခဲ့သည်။ မူလက သူသည်အပို‌နေရာတစ်ခုရနိုင်မလားဟု ဤညစာစားပွဲတွင် ပံ့ပိုးကူညီမှုအကြောင်း သီးသန့်စကားပြောရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ကျန်းရှောင်ယွီက ယဉ်ကျေးစွာပြန်ပြောခဲ့သည်။ "မလိုပါဘူး။ ကျွန်တော်တို့စားဖို့ပြန်လိုက်မယ်"

သူသည်သူ့အဖော်များနှင့် ထွက်သွားပြီး ကလပ်မန်နေဂျာနဲ့ နည်းပြဝန်ထမ်းများအား အချင်းချင်းကြည့်ကြရန် ထားခဲ့သည်။ မစားသွားဘူးလား။ ဤနည်းပြကျန်း၏ အံ့အားသင့်ဖွယ်ရာ စစ်ဆေးမှုသည် အမှန်တကယ်ပင် ပြတ်သားသည်။

မိုဟန်တျန်းသည် ပြတင်းပေါက်ဘေးတွင် ရပ်ကာ သူ‌လေးစားသောသူထွက်သွားသည်ကို တိတ်တဆိတ်ကြည့်နေစဉ် သူ့မျက်နှာပေါ်တွင် နီရဲနေသော မျက်လုံးများနှင့် မျက်ရည်အစွန်းအထင်းနှစ်ခုရှိနေခဲ့သည်။

ပြီးခဲ့သည့်အကြိမ်တွင် သူသည်လက်‌ရွေးစင်အသင်းတွင် နတ်ဘုရားWingကိုမြင်ပြီး သူလေးစားရသူ၏ လက်မှတ်ကို စိတ်လှုပ်ရှားစွာ တောင်းချင်ခဲ့သည်။ ထို့နောက် အဆူခံရကာ မတောင်းရဲတော့ပေ။ ဤတစ်ကြိမ်တွင် သူထပ်ပြီး အဆူခံရသော်လည်း ကံကောင်းထောက်မစွာနှင့် သူ၏တိုးတက်မှုအတွက် ချီးကျူးခံခဲ့ရသည်။ မိုဟန်တျန်းသည် ရှုပ်ထွေးသော စိတ်ခံစားချက်ရှိပြီး နောက်ဆုံးတွင် သူသည် လက်မှတ်လိုချင်ကြောင်း မပြောရဲပေ။

ထားလိုက်ပါ။ နတ်ဘုရားWingသည် သူလေးစားရသူဟုပြောရန် အရမ်းရှက်သွားခဲ့ပြီ။ သူသည် လက်ရွေးစင်အတွက် ရွေးချယ်ခံရပါက သူ့အားပြောင်ကာ လက်မှတ်တစ်စောင် တောင်းလိမ့်မည်။ တကယ်တမ်း နတ်ဘုရားWingသည် သူအဘယ်‌ကြောင့်စနိုက်ပါကို စတင်ကစားရသည့် အကြောင်းအရင်းဖြစ်သည်။

မိုဟန်တျန်းသည် ရှုံ့လိုက်ကာ နာကျင်နေသော မျက်လုံးများကို ပတ်သပ်ရင်း မျက်ရည်များကို အမြန်သုတ်လိုက်သည်။ သူသည် အယ်လ်ဖာတစ်ယောက်ဖြစ်သော်လည်း အမှန်တကယ်ပင် လူအများရှေ့တွင် ငိုကြွေးနေခဲ့သည်... သူသည် လူများကိုကြည့်ရန် မျက်နှာမရှိပေ။

ရွှေအဆင့်နည်းပြWhere stories live. Discover now