Part 33

954 134 0
                                    

Chapter 33: မတော်တဆ

ကျွမ်းကျင်တိုက်ရိုက်ထုတ်လွှင့်သူများမှာ မနက်ပိုင်းသုံးနာရီ သို့မဟုတ် လေးနာရီ၌အိပ်ရာဝင်ကာ နေ့လယ်၌ထကြသည်။ ပိုင်ဖန်းသည် ခါတိုင်းကဲ့သို့ နေ့လယ်ထိအိပ်မည်ဟု ကျန်းရှောင်ယွီထင်ကာ မနက်ပိုင်းတားဆေးထိုးသောအခါ တမင်တံခါးအား သော့မခတ်ခဲ့ပေ။ မထင်မှတ်ဘဲနှင့် ပိုင်ဖန်းသည် ပထမဆုံးအကြိမ် အစောကြီးထကာ သူတားဆေးထိုးလိုက်သည်ကို မြင်သွားသည်လား။

အိုမီဂါအဖြစ် ခွဲသွားသည်မှာ အရှက်ရစရာမဟုတ်ပေ။ သူ့အားသူ့တပည့်မှ ရှာဖွေတွေ့ရှိပြီးဖြစ်သောကြောင့် ကျန်းရှောင်ယွီသည် ရှင်းလင်းအောင်လုပ်ချင်ခဲ့သည်။ တကယ်တမ်း သူစကားမဟခင် ပိုင်ဖန်းသည် ဤကိစ္စအား ရှင်းပြရန် ကူညီပေးခဲ့သည်။ အစာအိမ်နှင့် အူလမ်းကြောင်းများကို ညှိနှိုင်းပေးရန် ဆေးများထိုးပေးခြင်းဖြစ်သည်။

လက်မောင်းထဲ အစာအိမ်အူလမ်းကြောင်း ဆေးထိုးသည်လား။

ပိုင်ဖန်းမေးလိုက်သည်။ "ဆရာ၊ မနက်စာဘာစားမလဲ။ ဆန်ပြုတ်လုပ်ပေးရမလား"

ကျန်းရှောင်ယွီ ခေါင်းငြိမ့်ပြသည်။ "အေး"

ပိုင်ဖန်းချက်ပြုတ်ရန် ပြန်လှည့်ထွက်သွားသည်။ ကျန်းရှောင်ယွီသည် သူ့တပည့်နောက်ကျောကိုကြည့်ကာ တီးတိုးသက်ပြင်းချလိုက်သည်။

ရှောင်းပိုင်၏ စိတ်ထဲ သူ့ဆရာမှာ ကမ္ဘာပေါ်တွင် အယ်လ်ဖာနှင့်အတူဆုံး ဖြစ်နေနိုင်သည် မဟုတ်လား။

သူ့ဆရာ အိုမီဂါဖြစ်လိမ့်မည်ဟု တစ်ခါမှမတွေးဖူးသောကြောင့် သူ့ဆရာဆေးထိုးနေသော မြင်ကွင်းကို တွေ့ကြုံရသောအခါ သူ့ဦးနှောက်က မသိမသာ အဖြေမှန်ကို ပယ်ချခဲ့သည်။

အံ့ဩစရာမဟုတ်ပေ။ ကျန်းရှောင်ယွီ၏စိတ်ထားမှာ သန်မာလွန်းသည်။ သူသည် အိုမီဂါအဖြစ် ပြောင်းခဲ့လျှင်ပင် သူ၏ဖယ်ရိုမုန်းများမှာ အလွန်ပြင်းထန်သည်။ ကယ်လီဖိုးနီးယား၌ သူရှိစဉ်အတိတ်က မတော်တဆတစ်ခုဖြစ်ကာ ကျန်းရှောင်ယွီသည် သူ၏အိုမီဂါ ဖယ်ရိုမုန်းများကို ထုတ်လွှတ်ခဲ့သည်။ အယ်လ်ဖာများအား ဆွဲဆောင်ခြင်းမဟုတ်ပါ။ သူ့အနားမှ အယ်လ်ဖာများအားလုံးကို တိုက်ရိုက်ခြောက်လှန့်ပြီး သူတို့အား ထွက်ပြေးသွားစေသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now