Part 43

778 110 1
                                    

Chapter 43: ထူးဆန်းသော ဖြတ်သွားဖြတ်လာ

e-sports ပြိုင်ပွဲ၏ စည်းကမ်းများအရ အနိုင်ရသူမှာ ရှုံးနိမ့်သူနှင့် လက်ဆွဲနှုတ်ဆက်သင့်သည်။ ဤသည်မှာ 'သူငယ်ချင်း သံယောဇဉ် ပထမ ပြိုင်ပွဲ ဒုတိယ' ဟူသော အနိုင်ရလိုစိတ်ကို ပြသနေခဲ့သည်။

ပိုင်ဖန်းသည် ပရိသတ်အား ဦးညွတ်ပြီးကာ လင်းဟိုင်အား ရှာဖွေရန် အသံလုံခန်းသို့ သွားခဲ့သည်။

လင်းဟိုင်သည် ကွန်ပျူတာရှေ့တွင် ထိုင်ကာ ဖန်သားပြင်ပေါ်မှ 4:0 ရလဒ်ကို စိုက်ကြည့်နေခဲ့သည်။ သူသည် သူ၏မျက်နှာအမူအရာများအား လုံးဝမထိန်းချုပ်နိုင်တော့ပေ။ သူ၏နှုတ်ခမ်းများမှာ စာရွက်ကဲ့သို့ ဖြူဖွေး‌ကာ သူ၏မျက်နှာအသွင်အပြင်များမှာ ရှုံ့တွလာခဲ့သည်။

ပိုင်ဖန်းလျှောက်လာကာ သူ့ပခုံးအား ပုတ်ပေးလိုက်သည်။ သူသည် ပြုံးကာ လက်ဆန့်ထုတ်လိုက်သည်။ "အစ်ကိုဟိုင် ပြီးသွားပြီ။ အခုထိ မသွားသေးဘူးလား"

လင်းဟိုင်: "......"

ပိုင်ဖန်း၏အသံကြားပြီးနောက် သူ၏စိတ် ပြန်လည်လာသည်။ လင်းဟိုင်၏မျက်နှာမှာ ဖြူလျော့သွားကာ သူသည် ဘာအမူအရာ လုပ်ရမည်ကို သိပုံမရပေ။ သူသည် အကျည်းတန်သော အပြုံးမထုတ်ခင် စက္ကန့်အနည်းငယ်ကြာ ရုန်းကန်ခဲ့ရသည်။ သူသည် တစ်ဖက်လူနှင့် လက်ဆွဲနှုတ်ဆက်ကာ ပြောလိုက်သည်။ "ဂုဏ်ယူပါတယ်"

ပိုင်ဖန်း ပြုံးလိုက်သည်။ "ကျေးဇူးပါ"

ဤအချိန်၌ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ အင်တာနက်သုံးစွဲသူများမှာ လှောင်ပြောင်မှုနှင့် ပြည့်နေခဲ့သည်။

[0:4တဲ့လား အစ်ကိုဟိုင်။ ဒါက အရမ်းများတယ်]

[တက်သစ်စကြယ်ပွင့်ဖလားကို တက်သစ်စ အမှိုက်စစ်ဆင်ရေးကို နိုင်ငံထဲက လူတိုင်းကိုပြဖို့ သွားတာလား]

[ဒါပဲလား။ Fred အပေါ် ချနင်းချင်နေသေးတာလား]

[ဘာကိုအစ်ကိုဟိုင်လဲ။ နာမည်ကို ညီလေးဟိုင်လို့သာ ပြောင်းသင့်တယ်]

[ညီလေးဟိုင်။ ခဏနေကျ သူက အကျွမ်းကျင်ဆုံး တိုက်ရိုက်ထုတ်လွှင့်သူလို့ ပြောရင် ငါ ဒါကိုတိုက်ရိုက် အစီရင်ခံမယ်~]

ရွှေအဆင့်နည်းပြWhere stories live. Discover now