Part 99

269 46 0
                                    

Chapter 99 : နောက်ဆုံးစစ်ဆေးခြင်း

ကျန်းရှောင်ယွီသည် ဖန်သားပြင်ကြီးပေါ်ရှိ ပြိုင်ပွဲဝင်များ၏ အစီရင်ခံစာများကို ကြည့်လိုက်သည်။ သူသည်မပြောခင်တွေးလိုက်သည်။ "စနိုက်ပါနံပါတ်1၊ 93နဲ့230သုံး‌ယောက်က အဖွဲ့တစ်ဖွဲ့မှာရှိလိမ့်မယ်။ နံပါတ်10 ဆေးအကူနဲ့ ကင်းထောက် နံပါတ်110တို့ကိုထည့်လိုက်။ စနိုက်ပါသမား 161၊ 287နဲ့300 တို့က အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး နံပါတ် 180 ဆေးအကူနဲ့ နံပါတ် 119 ကင်းထောက်တွေကို ထည့်လိုက်"

ကျင်းဘိုသည် ညွှန်ကြားချက်များအတိုင်း အုပ်စုကို အမြန်ခွဲကာ အံ့သြမဆုံးနိုင်ပေ။ နည်းပြကျန်းသည် ယခုတစ်ကြိမ် အုပ်စုဖွဲ့ခြင်းကို များစွာ အာရုံစိုက်ခဲ့သည်။

အပြာအဖွဲ့မှာ ပိုင်ဖန်း၊ ကွေ့စေရန်နှင့် မိုဟန်တျန်းတို့ဖြစ်ပြီး ကင်းထောက် ယယ်ကျင်းမင်နှင့် ဆေးအကူ ရှီရှောင်ဘင်းတို့ဖြစ်သည်။

အနီရောင်အဖွဲ့တွင် လျိုရှောင်ကျိုး၊ ပန်ယွီနှင့် ယွီဖန်းဟူ၍ စနိုက်ပါသမားသုံးဦးပါဝင်သည်။ ကင်းထောက် Little Ye Zi နှင့် ဆေးအကူရှုချန်တို့လည်း ရှိခဲ့သည်။

Big Ye Ziနှင့် Little Ye Ziတို့သည် ရမှတ်များတူညီသော ဆရာနှင့်တပည့်တို့ဖြစ်သည်။ သို့သော်လည်း ယယ်ကျင်းမင်သည် ပြိုင်ပွဲတွင် အတွေ့အကြုံကြွယ်ဝပြီး ယယ်ရွှီအန်သည် ယခုနှစ်တွင် ပွဲဦးထွက်လူသစ်တစ်ဦးမျှသာဖြစ်သည်။ ဆရာသည်တပည့်ထက် ပိုကောင်းရမည်။ ရှီရှောင်ဘင်းသည် ဆေးအကူအဖြစ်ပြောင်းရွှေ့ခဲ့သည်။ သူ့တွင် ထူးချွန်ထက်မြက်သည့် အရည်အချင်းများ ရှိကောင်းရှိနိုင်သော်လည်း ဆေးအကူနှင့် ပတ်သက်ကာ အတွေ့အကြုံနည်းသည်။ သူသည်ရှုချန်ထက် အားနည်းသည်။

နှစ်သင်းစလုံး၏ စနိုက်ပါသမားများ၏ အဆင့်မှာ ယှဉ်နိုင်သည်။

အပြာအသင်း၏ ကင်းထောက်သည် ပိုအားကောင်းပြီး အနီရောင်အသင်း၏ ဆေးအကူမှာ ပိုအားကောင်းခဲ့သည်။ နှစ်သင်းလုံး၏ အင်အားမှာ အတူတူပင်ဖြစ်သည်။

နည်းပြကျန်းမှာ ဤနံပါတ်များမှာ မည်သူနှင့် သက်ဆိုင်သည်ကို သိပြီးသားဖြစ်ကောင်းဖြစ်နိုင်သည်။ သို့မဟုတ်ပါက သူသည် သူတို့အား အဖွဲ့များအဖြစ် ခွဲထား၍မရ‌ပေ။

ရွှေအဆင့်နည်းပြWhere stories live. Discover now