Part 2

1.5K 224 0
                                    

Unicode
Chapter 2: လက်ရွေးစင်အသင်း

ယွီမင်ကျန်းသည် ဆံပင်ရှည်ကာ နူးညံ့ကြင်နာတတ်သောအပြုံးနှင့် အမျိုးသမီးဘီတာဖြစ်သည်။ သူမပေးခဲ့တာ ပထမဆုံးအထင်အမြင်မှာ သူမသည်အလွန်ခင်မင်ရင်းနှီးတတ်သော ညီမငယ်လေးဖြစ်နေခဲ့သည်။

သို့‌သော်ဤကဲ့သို့နူးညံ့မှုမှာ သူမ၏ပုံပန်းသွင်ပြင်မျှသာဖြစ်သည်။ သူမသည် တကယ်တမ်းတွင် အလွန်အားကောင်းကာ ထူးချွန်ထက်မြက်နေခဲ့သည်။ ACEသည်အောက်ခြေအဖွဲ့အနေနှင့် စတင်ခဲ့သောအခါ သူတို့သည်ချမ်းသာသည့်ကျောထောက်နောက်ခံများ၏ ပံ့ပိုးကူညီမှုရခဲ့ခြင်းမှာ သူမ၏အကူအညီကြောင့်သာဖြစ်သည်ဟုပြောနိုင်သည်။

ကျန်းရှောင်ယွီသည် သူမအား ညီမယွီဟုခေါ်ကာ ညီမတစ်ယောက်ကဲ့သို့ပင် အမြဲသတ်မှတ်ထားခဲ့သည်။

သို့‌သော် ယခင်က သူသည်အလျင်စလို နှုတ်ထွက်ခဲ့ကာ နှုတ်ဆက်စကားပြောရန် အချိန်မရှိခဲ့ပေ။ ကယ်လီဖိုးနီးယားသို့ရောက်လာပြီးနောက် သူ၏ WeChat, Qအကောင့်နှင့် ဖုန်းနံပါတ်များအား အသစ်များအဖြစ်အစားထိုးလိုက်ကာ သူသည်သူ၏အတိတ်မှသူငယ်ချင်းများနှင့် လုံးဝအဆက်အသွယ်ဖြတ်ခဲ့သည်။

ယွီမင်ကျန်းသည် ပြည်ပမှ သူ၏နံပါတ်အသစ်အား မည်သည့်နေရာမှ ရှာတွေ့ခဲ့သနည်း။

ကျန်းရှောင်ယွီသည် နက်နက်နဲနဲ စုံစမ်းမ‌နေဘဲ တည်ငြိမ်စွာပြန်စာရိုက်လိုက်သည်: [ငါရှောင်းပိုင်ရဲ့အခြေအနေကို မသိဘူး။ သူ့ရဲ့ဆရာအနေနဲ့ ငါသူ့ကိုသင်နိုင်သမျှအားလုံး သင်ပေးခဲ့တယ်။ သူကလူကြီးဖြစ်နေပြီး သူ့အပြုအမူတွေကလည်း သူနဲ့ပဲဆိုင်တယ်။ ငါဝင်ပြီးစွက်ဖက်ပိုင်ခွင့်မရှိဘူး]

ယွီမင်ကျန်းသည် ဝမ်းနည်းသည့် အီမိုဂျီကိုပို့ခဲ့သည်: [ဒါဆိုအစ်ကိုက လောင်လင်းအနားယူမယ့်အကြောင်းကို ဂရုမစိုက်တော့ဘူးလား]

ကျန်းရှောင်ယွီ: [e-sportsကစားသမားတွေက အမြဲအနားယူရမှာပဲ။ သူ့အသက်အရွယ်က အနားယူရတော့မယ့်အချိန်လောက်ပဲ]

[ရှောင်းချန်ကိုရော။ အရင်ကအစ်ကိုတို့နှစ်ယောက် ဆက်ဆံရေးကောင်းခဲ့ပြီး အစ်ကိုသူ့ကိုညီငယ်လေးလိုမျိုး သဘောထားခဲ့တာလေ။ သူ့ကိုနည်းပြကမသုံးဘဲ အေးစက်စက်အရန်ခုံပေါ်မှာပဲ တစ်နှစ်ပတ်လုံး ထိုင်နေခဲ့ရတာ။ သနားစရာကောင်းတယ်လို့ မထင်ဘူးလား။ နှစ်ဝက်လောက် ဆိုင်းငံ့ခံထားရတဲ့ ယယ်ကျီလည်းရှိသေးတယ်လေ]

ရွှေအဆင့်နည်းပြWhere stories live. Discover now