Part 62

714 102 1
                                    

Chapter 62 : အမွေလား

ယယ်ကျင်းမင်သည် အတန်းထဲရှိ အဆိုးဆုံး ကျောင်းသားကဲ့သို့ ACEလက်ထက်အတွင်း ပေါ့ပေါ့ဆဆ‌နေခဲ့သည်။ သူအမှားလုပ်မိတိုင်း သူ့အား ကျန်းရှောင်ယွီမှမိကာ ကိုယ့်ကိုယ်ကို သုံးသပ်စာရေးရန် ခေါင်းဆောင်အမိန့်ပေးခဲ့သည်။ လက်‌ရွေးစင်အသင်းတွင် နောက်ဆုံးအိပ်ခဲ့ချိန်၌ ကျန်းရှောင်ယွီက ဆူပူကြိမ်းမောင်းပြီး နှိုးခဲ့သည်။ ဤတစ်ကြိမ်တွင် ကျန်းရှောင်ယွီသည် အံ့အားသင့်စရာ စစ်ဆေးမှုပြုရန် YYသို့ လာခဲ့သည်။ သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲနိုင်မည်ဟု ထင်ခဲ့‌သော်လည်း သူပြန်အိပ်နေပြန်သည်လား။

ကျန်းရှောင်ယွီ၏အကြည့်သည် ထက်သောဓားကဲ့သို့ ဆရာနှင့်တပည့်၏မျက်နှာများကို လွှမ်မိုးသွားခဲ့သည်။ သူသည် အေးစက်စွာပြောခဲ့သည်။ "အပေါ်အလင်းတန်းက မမှန်တော့ အောက်အလင်းတန်းက ကောက်သွားတယ်။ မင်းကတပည့်တစ်ယောက်ကို လက်ခံပြီးပြီမို့ မင်းကစံနမူနာပြပြီး တပည့်အတွက် စံနမူနာကောင်းတစ်ခု ချမှတ်သင့်တယ်မဟုတ်လား။ ဘယ်လိုလုပ်ပျင်းရိပြီး လိမ်တတ်အောင် သင်ပေးနိုင်ရတာလဲ"

ယယ်ကျင်းမင် ခဏထိတ်လန့်သွားသည်။ သူငာ်သူ့တပည့်အား ပြန်ကြည့်ကာ "မင်းဘာတွေ လိမ်လိုက်တာလဲ" ဟု အသံတိုးတိုးဖြင့် မေးခဲ့သည်။

ယယ်ရွှီအန်သည် ငုံးတစ်ကောင်ကဲ့သို့ လည်ပင်းအား ကွေးလိုက်ကာ အသံတိုးတိုးရှင်းပြခဲ့သည်။ "သူကဆရာနဲ့ ကိစ္စဟောင်းတွေကို ဖြေရှင်းဖို့ ကလပ်ကိုလာခဲ့တဲ့ ဆရာ့အချစ်ပြိုင်ဘက် ဒါမှမဟုတ် ရည်းစားဟောင်းလို့ထင်ခဲ့တာ။ သူက ရန်လိုပြီး မင်းကို သတ်ချင်နေပုံရတယ်။ ဆရာ့ရဲ့အကျိုးအတွက် ကျွန်တော်လုပ်တာမဟုတ်ဘူးလား။ ဆရာကလပ်မှာမရှိဘူးလို့‌ပြောပြီး စိတ်ပိုင်းဆိုင်ရာကိစ္စတွေက အတင်းအကြပ်လုပ်လို့မရဘူးလို့ပြောလိုက်တယ်..."

ယယ်ကျင်းမင်: "!!!"

မင်းရဲ့ပါးနပ်မှုပျက်သွားပြီ။ သူတပါးကို အပြစ်တင်တတ်တဲ့ မင်းက မင်းရဲ့ဆရာကို နယအပြစ်တင်လိုက်တာလား။

တစ်ဖက်တွင် ကျွီဟန်မှာ အတွင်းဒဏ်ရာ ရသွားသည်အထိ ရယ်ချင်စိတ်ကို အောင့်ထားခဲ့သည်။ ယယ်ကျင်းမင် အကြောင်း သူဘာပြောရမည်နည်း။ ယယ်ကျင်းမင်သည် အကြိမ်တိုင်း ပြောင်းဝကိုထိပြီး ကျန်းရှောင်ယွီ၏ ခံနိုင်ရည် ကန့်သတ်ချက်တွင် ခုန်တက်သွားသည်။ သူသည် မိမိကိုယ်ကိုဝေဖန်ရေးဘုရင်ဖြစ်လာရခြင်းမှာ အံ့သြစရာမဟုတ်ပေ။ သူတကယ်ထိုက်တန်ခဲ့သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now