Part 97

310 47 0
                                    

97 01

Chapter 97: အစမ်းပွဲများ၏ ဒုတိယအချီ

နောက်တစ်နေ့နေ့လည်တွင် ပြိုင်ပွဲဝင်များသည် ညစာစားရန် စားသောက်ဆိုင်သို့ ရောက်လာကြသည်။

Snow Leopard အဖွဲ့မှ အဖွဲ့ဝင်အများအပြား စုဝေးကြသည်။ ယွီဖန်းကအသံတိုးတိုးမေးလိုက်သည်။ "ရွှယ်ယောင်၊ မနေ့က ဘယ်လိုကစားလဲ"

ရွှယ်ယောင် ပြုံးလိုက်သည်။ "ငါရှုံးသွားပြီး ပြီးသွားဖို့ ဖြစ်နိုင်ခြေများတယ်။ နင်ရော"

ယွီဖန်းက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ "မပြောပါနဲ့တော့။ ကျွန်‌တော်နဲ့ တွဲရတဲ့အသင်းဖော်တွေက အရမ်းရယ်ရတယ်။ ငါးယောက်တစ်ယောက်မဟုတ်ဘဲ ကိုးယောက်‌တစ်ယောက်ကစားခဲ့ရတယ်"

ကျင်းရွှယ်ယောင် "......"

ကိုးယောက်တစ်‌ယောက်လား။ ယွီဖန်းသည် မကောင်းသည်ါအသင်းဖော်များနှင့် တွေ့ဆုံခဲ့ပုံရသည်။

မနီးမဝေးတွင် TNG မှ ကြယ်ပွင့်ကစားသမားများဖြစ်သည့် လုကျင်းယွမ်နှင့်ကျန်းယွယ်တို့သည် ပြတင်းပေါက်နားတွင် စားသောက်နေကြသည်။ လူတချို့က ဝိုင်းဖွဲ့ပြီး စကားပြောရန် အစပျိုးခဲ့ကြသည်။ နောက်ဆုံးတွင် သခင်လေးလု၏ Weibo တွင် ပရိတ်သတ်သန်းပေါင်းများစွာရှိပြီး သူ၏ကျော်ကြားမှုကို အခွင့်ကောင်းယူလိုသူများ အမြဲရှိနေသည်။

ကျင်းရွှယ်ယောင်သည် အလယ်တန်းလိဂ် ကစားသမားများကို လှောင်ပြောင်သော ဤလူများကို အထင်မကြီးပါ။ သူမသည် သူတို့၏ စားပွဲဝိုင်းကို လှည့်ပတ်ကာ သူမ၏အသင်းဖော်များကိုထိုင်ရန် တစ်ဖက်သို့ ခေါ်သွားခဲ့သည်။

အနားတစ်ဝိုက်တွင် ဝိုင်းဖွဲ့ တီးတိုးပြောနေကြသူတွေ အများကြီးပင်ဖြစ်သည်။ "ကျွန်တော်ရှုံးခဲ့ပြီး သေချာပေါက် လုပ်နိုင်မှာမဟုတ်ဘူး။ ဒီနေ့ ပေါ့ပေါ့ပါးပါးပဲ တိုက်ကြရအောင်"

"မနေ့က ငါတို့ကိုတိုက်ရိုက်သတ်ပြီး အနိုင်ယူခဲ့ကြတဲ့ စနိုက်ပါသမားနဲ့ပြိုင်ခဲ့ရတယ်။ လူ ၁၀ ယောက်ကိုတောင် သတ်ပစ်တယ်။ ဘယ်သူလဲမသိဘူး"

"ဒီနှစ်မှာ အားကောင်းတဲ့ စနိုက်ပါတွေ အများကြီးရှိတယ်။ Fred ဖြစ်နိုင်မလား"

ရွှေအဆင့်နည်းပြTahanan ng mga kuwento. Tumuklas ngayon