Part 25

998 129 0
                                    


Chapter 25: တင်းကျပ်သည့် စီမံခန့်ခွဲမှု

ကျန်းရှောင်ယွီသည် လေ့ကျင့်ရေးခန်းထဲသို့လာကာ လက်ရွေးစင်အသင်းအဖွဲ့ဝင်အားလုံးမှာ ကွန်ပျူတာရှေ့၌ လေ့ကျင့်ရေးဆော့ဖ်ဝဲဖွင့်ကာ ထိုင်နေကြသည်ကိုတွေ့ခဲ့သည်။ အမြဲလွတ်လပ်နေသော ယယ်ကျင်းမင်ပင်လျှင် ယနေ့အတော်နာခံနေသည်။ သူသည်ကွန်ပျူတာဖန်သားပြင် စူးစူးစိုက်စိုက်ကြည့်ရင်း သူ၏လက်ချောင်းများမှာ ကီးဘုတ်အားအမြန်နှိပ်‌နေသည်။ သူသည်အာရုံမလွဲဘဲ အပြည့်အဝစူးစိုက်နေခဲ့သည်။

လက်ထောက်နည်းပြ ကျွီရုန်သည် သူလာသည်ကိုမြင်ကာ ချက်ချင်းတီးတိုးပြောရန် သူ့ဆီလျှောက်လာခဲ့သည်။ "နည်းပြကျန်း လူတိုင်းဒီနေ့ အရမ်းလေးလေးနက်နက် လေ့ကျင့်နေတယ်"

ကျန်းရှောင်ယွီမှာ တည်တည်တံ့တံ့သာပြောလိုက်သည်။ "ဟုတ်တယ်။ သူတို့သုံးသပ်စာတွေရေးလို့ခုပဲပြီးတယ်လေ။ သူတို့ဒါကိုဆက်မရေးချင်ဘူး ဟုတ်တယ်မလား"

ကစားသမားများသူ၏အသံကို ကြားသည်နှင့် သူတို့၏နောက်ကျောများ မတ်သွားကာ သူတို့၏မျက်နှာများပေါ်မှ အမူအရာမှာ ပိုလေးနက်သွားကြသည်။ သူတို့၏မျက်လုံးများပြူးသွားပြီး သူတို့သည် ကွန်ပျူတာထဲမှ အပေါက်တစ်ခုကို စိုက်ကြည့်ချင်နေပုံရသည်။

ကျန်းရှောင်ယွီသည် သူတို့လေ့ကျင့်ရေးအကြောင်းအရာကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

လက်ရွေးစင်အသင်းအတွက် လေ့ကျင့်ရေးဆော့ဖ်ဝဲမှာ အတွင်းပိုင်းအင်ဂျင်နီယာများမှ တည်ဆောက်ထားကာ ငါးနှစ်ကြာအသုံးပြုခဲ့သည်။ အင်ထရာနက်အကောင့်နှင့် ဆော့ဖ်ဝဲအတွင်းသို့ဝင်ပြီးနောက် ကစားသမားများသည် ရှောင်ရှားခြင်းလေ့ကျင့်ခန်းများ၊ ပစ်ခတ်ခြင်းလေ့ကျင့်ခန်းများ၊ မြေပုံလေ့ကျင့်ခန်းများ အစရှိသော သူတို့၏လေ့ကျင့်ရေးပစ္စည်းများကို ရွေးချယ်နိုင်သည်။ အခွဲပစ္စည်းတစ်ခုချင်းစီအား အခက်အခဲအမျိုးမျိုးသို့ ခွဲခြားထားသည်။

ဤလေ့ကျင့်ရေးစနစ်မှာ ယခင်က ACE အသင်း၏စနစ်နှင့် တူနေသည်။

သို့သော် ယနေ့ကမ္ဘာ့စီးရီးတွင် ၎င်းမှာခေတ်နောက်ကျနေကာ အချိန်စည်းချက်အား အမီမလိုက်နိုင်သည်မှာ ထင်ရှားသည်။

ရွှေအဆင့်နည်းပြTahanan ng mga kuwento. Tumuklas ngayon