Part 9

1.1K 146 1
                                    

Unicode

Chapter 9- ခြေရာခံသခင်

ရှီရှောင်ဘင်းသည် လက်ရွေးစင်အသင်းအတွက် အစားထိုးအားဖြည့်သူဖြစ်နေခဲ့ကာ ကမ္ဘာ့စီးရီးတွင် တစ်ကြိမ်သာ ပေါ်လာခဲ့သည်။ လူငယ်လေးသည် အားကြီးသောစက်သေနတ်ကိုကိုင်ကာ ရှေ့သို့ပြေးထွက်လာခဲ့သည်။ ရလဒ်အနေနှင့် သူသည်အချိန်ကောင်းရောက်လျှင် ရှေ့သို့ချီမတက်ရဲခဲ့ပေ။ သူသည်ပုန်းနေကာ အခြားတစ်ဖက်၏ ချေမှုန်းသူများမှ ဝန်းရံခံရသည့် ဆန့်ကျင်ဘက်ကိုသာစောင့်နေခဲ့သည်။ သူသည် စိတ်လှုပ်ရှားစွာ ပစ်ခတ်ခဲ့ကာ အခြားသူ၏ကိုယ်ထည်ကောက်ကြောင်းအား ခြေရာခံလိုက်သကဲ့သို့ ကျည်ဆံများမှာ နေရာတိုင်းပြန့်ကျဲနေခဲ့သည်။ 

ကျန်းရှောင်ယွီ၏ စကားစု ‘ခြေရာခံသခင်’မှာ ရှီရှောင်ဘင်း၏ အားနည်းချက်ကို အမှန်နကယ် ထိမှန်ခဲ့သည်။

ချီရှောင်ဘင်းသည် သူ၏ရင်ထဲ၌ စူးရှစွာနာကျင်သွားကာ အသက်ပြင်းပြင်းရှူခဲ့သည်။ သူသည် ကွန်ပျူတာအား အလွန်လေးနက်ကာ အာရုံစိုက်နေသည့်အနေအထားနှင့် စိုက်ကြည့်ကာ လက်နှစ်ဖက်ဖြင့် ကီးဘုတ်ပေါ်စာရိုက်နေခဲ့သည်: ခင်ဗျားကအရမ်းအားကောင်းတာကြောင့် ဒီဂိမ်းအတွက် မြေပုံကိုရွေးနိုင်ပါတယ်။

Casually: မင်းရွေးသင့်တယ်။ မင်းတော်တဲ့နေရာတစ်ခုကို‌ ရွေးပြီးတော့ ငါကြည့်တာပေါ့။

Shi Xiaobin: “………”

မိုဟန်တျန်းသည် ဘေးမှသူ့အားသတိပေးခဲ့သည်။ “ရှောင်ဘင်း အရူးလုပ်မခံနဲ့။ ဒါကစိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးပဲ။ သူကတမင်တကာနင့်ရဲ့စိတ်ဓာတ်ကိုပျက်စီးအောင် ကဲ့ရဲ့မှု‌တွေနဲ့ စနေတာ”

ရှီရှောင်ဘင်းသည် ခေါင်းမငြိမ့်ခင် ကြောင်နေခဲ့သည်။ “အဓိပ္ပာယ်ရှိသားပဲ။ ဒါကစိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးပဲ” 

“အားဖြည့်သူတစ်ယောက်အတွက် ကစားဖို့အသင့်တော်ဆုံး မြေပုံကိုရွေးပြီး တိုက်ရိုက်သူ့ကိုသတ်ပစ်လိုက်” 

ရှီရှောင်ဘင်းသည် တိုက်ပွဲမြေပုံတည်နေရာအား အမြန်ဖွင့်လိုက်ကာ ကျောက်တုံးဖြစ်ပေါ်ခြင်းဟူသော မြေပုံအား နှိပ်ထားလိုက်သည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now