Part 34

916 144 3
                                    

Chapter 34: တားဆေးများ

ပိုင်ဖန်းသည် သူ‌ရှိနေသော နေရာ၌ ကျန်နေခဲ့သည်။ သူသည်ဂိမ်းအား အချိန်အတော်ကြာ ကစားခဲ့သောကြောင့် သူ့စိတ်မရှင်းလင်းသော‌အခါ ကယောင်ကတမ်းကြားနေခဲ့သည်ဟု သူထင်ခဲ့သည်။ သူသည်ခေါင်းကိုကုတ်ပြီး အပြင်ကို ကြည့်လိုက်‌သောအခါ ကျန်းရှောင်ယွီသည်ဧည့်ခန်းသို့ ရောက်သွားပြီးဖြစ်သည်။ သူသည် ဖိနပ်များကိုလဲလိုက်ကာ တွန်းအားပေးလိုက်သည်။ "ပိုင်ဖန်း၊ မင်းဘာလုပ်နေတာလဲ။ မြန်မြန်လုပ်လေ"

ပိုင်ဖန်းသည် အမြန်နောက်လှည့်ကာ အရှိန်ပြင်းစွာ အောက်ထပ်သို့ဆင်းသွားခဲ့သည်။

လမ်းတစ်ဝက်တွင် သူသည်အိပ်ရာဝင်ဝတ်စုံများ ဝတ်ထားသောကြောင့် ဤကဲ့သို့ အပြင်မထွက်နိုင်ကြောင်း မှတ်မိနေခဲ့သည်။ သူသည် အိပ်ခန်းသို့ အမြန်ပြန်သွားကာ သူ၏အဝတ်အစားများနှင့် ဘောင်းဘီများကို ဝတ်လိုက်သည်။

ကျန်းရှောင်ယွီ: "......"

ဤလူသည် အရေးကြီးသောအချိန်၌ အဘယ်ကြောင့် အလွန်ညံ့ဖျင်းနေရသနည်း။ တုံ့ပြန်မှုမှာ စည်းချက်တစ်ဝက် နှေးနေခဲ့သည်။ သူကြောက်နေသလား။

ပိုင်ဖန်းအဝတ်လဲပြီး ဧည့်ခန်းသို့ ‌လာသောအချိန်၌ ကျန်းရှောင်ယွီ မျက်မှောင်ကြုတ်နေခဲ့သည်။ သူ၏မူလက‌ဖျော့တော့နေသော ခန္ဓာကိုယ်မှာ ပန်းရောင်သမ်းကာ အဆက်မပြတ် ချွေးထွက်နေခဲ့သည်။ သူ၏ဆံပင်မှာ ချွေးများနှင့် စိုရွှဲနေကာ တစ်ချိန်တည်းတွင် အလွန်ပြင်းထန်သော ဖယ်ရိုမုန်းရနံ့မှာ သူ့ဆီမှထွက်လာခဲ့သည်။

၎င်းသည် အထူးပူစီနံရနံ့ဖြစ်သည်။

ပူခြစ်နေသော နေထဲမှ အေးစက်စက်ရေကဲ့သို့ ဖြစ်သည်။ သူ၏မျက်နှာတစ်ခုလုံးအား လန်းဆန်းသောအေးမြမှုဖြစ်စေကာ ပိုင်ဖန်းအား ချက်ချင်းတုန်လှုပ်သွား‌စေသည်။ သူသည်ကျန်းရှောင်ယွီအား ထိတ်လန့်စွာ ကြည့်လိုက်သည်။ "ဆရာ၊ ဆရာ..."

ဤသည်မှာ အယ်လ်ဖာ၏ဖယ်ရိုမုန်းများလား။

အိုမီဂါ၏ ဖယ်ရိုမုန်းများမှာ များသော‌အားဖြင့် ချိုသာ၍ ဆွဲဆောင်မှုရှိသည်။ ထို့ကြောင့် အေးစက်၊ မြင့်မြတ်ကာ ကြမ်းတမ်းသော ပူစီနံမှာ အယ်လ်ဖာ၏ခန္ဓာကိုယ်‌တွင် အများစုပေါ်နေတတ်သည်။ သူ့ဆရာ၏ဖယ်ရိုမုန်းများမှာ ကြမ်းတမ်းလွန်းကာ ပိုင်ဖန်းသည် သူ့ကြောင့်ရန်ပွဲဖြစ်တော့မလိုပင်။

ရွှေအဆင့်နည်းပြWhere stories live. Discover now