Part 87

453 58 0
                                    

Chapter 87 : တိုးတက်လာသောရလဒ်များ

ပိုင်ဖန်းမျှော်မှန်းထားသည့်အတိုင်း ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

သတင်းများထွက်သည့်အချိန်တိုင်း ပထမအသုတ်မှာ စည်းချက်ဦးဆောင်သော မှင်စာများဆီမှ ဆူပူကြိမ်းမောင်းမှုများ ထွက်လာစဉ် ဆင်ခြင်တုံတရားရှိသည့် အင်တာနက်သုံးစွဲသူများမှာ စောင့်မျှော်ကြည့်ရှုရန် ရွေးချယ်ခဲ့ကြသည်။ နောက်ဆုံးတွင် နှစ်များတစ်လျှောက် အင်တာနက်ပေါ်တွင် သတင်းအမျိုးမျိုးနှင့်ပတ်သက်ပြီး ပြောင်းပြန်လှန်မှုများ အများအပြားရှိခဲ့သည်။

ပိုင်ဖန်း၏ 'စုံထောက်ပရိတ်သတ်များ'သည် စကားပြောမှတ်တမ်းများတွင် အမှားအယွင်းများအား တစ်ခုပြီးတစ်ခုဖော်ထုတ်ခဲ့ပြီး အင်တာနက်ပေါ်ရှိ လမ်းကြောင်းသည် လျင်မြန်စွာပြောင်းလဲသွားခဲ့သည်။

"ရှီရှောင်ဘငရဲ့ ပင်ကိုယ်စရိုက်က ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ပြိုလဲသွားလဲ သိချင်နေခဲ့တယ်။ ဒါဆို တကယ်ကို အတုအယောင်ဖြစ်ခဲ့တာလား"

"သေအောင်ရယ်နေရပြီ။ ဘင်းဘင်းက အိုမီဂါအဖြစ် ခွဲခြားခံရပြီးနောက် သူ့အယ်လ်ဖာသူငယ်ချင်းကို ဝန်ခံခဲ့တယ်။ ဇာတ်ညွှန်းရေးသူက မကောင်းတဲ့အချစ်ဇာတ်လမ်းတွေ အများကြီးမကြည့်ဖူးဘူးလား"

"အဆောင်ရဲ့ဓာတ်ပုံက နှင်းတွေကျတဲ့ညမှာ ရိုက်ထားပေမယ့် တောက်ပတဲ့ လရောင်ကို မြင်ရတယ်။ ဒါဟာ တကယ့်ကို သဘာဝလွန်ဖြစ်ရပ်တစ်ခုပဲ"

"နည်းပြကျန်းက သူ့ကို အဓိက အင်အားစုအဖြစ် ကစားခိုင်းခဲ့တာလား။ ဒါက ငါတို့ ရှောင်ဘင်းကို ညစ်ညမ်းစေတာလား ဒါမှမဟုတ် နည်းပြကို ညစ်ညမ်းစေတာလား "

"နတ်ဘရားWing က ဘင်းဘင်းကို ရုတ်တရက် ခေါ်သွားတာ ထူးဆန်းတယ်လို့ မထင်ဘူးလား။ REDကလပ်မှာ ပြဿနာရှိလို့လား"

"ရှီရှောင်ဘင်းက REDနဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တယ်။ ကလပ်က အပြစ်မရှိဘူးဆိုတာ မယုံဘူး"

အစတွင် လူအများက ရှီရှောင်ဘင်းအား မေးခွန်းထုတ်ခဲ့သည်။ ယခုလူများမှာREDကလပ်အား မေးခွန်းထုတ်လာကြသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now