Part 73

607 89 1
                                    

Chapter 73 : ဆုံးဖြတ်ချက်

Weibo၏ #Refined and Courteous# ဧရိယာတွင် နောက်ဆုံးမက်ဆေ့ချ်မှာ 'ဘင်းဘင်းက အိုမီဂါအဖြစ် ကွဲပြားသွားပြီ၊ အစ်ကိုကျိုးက သတင်းမေးဖို့ ‌ဆေးရုံသွားတယ်' ဖြစ်သည်။

အောက်တွင် CP ပရိသတ်များ၏ မှတ်ချက်များ များစွာရှိသည်။

"ငါအရမ်းစွဲနေပြီ။ သူတို့နှစ်ယောက်က တစ်ကယ့်ကို စုံတွဲတွေပဲ မဟုတ်လား"

"လိုက်ဖက်လိုက်တာ။ ခေါင်းဆောင်ကျိုးရဲ့ အမူအရာက အရမ်းနူးညံ့တာပဲ"

"ဘင်းဘင်းက အရမ်းလိမ္မာရေးခြားရှိပေမယ့် ဂိမ်းကစားတဲ့အခါမှာတော့ အရမ်းကြမ်းတမ်းတယ်။ အမှတ်အသားအလုပ်ခံရတဲ့အခါ ရှက်သွားမှာလား မသိဘူးနော်"

ရှီရှောင်ဘင်း၏လက်ချောင်းများသည် အနည်းငယ်တုန်ခါသွားပြီး ဖုန်းကို မကိုင်နိုင်လုနီးပါးဖြစ်နေသည်။

‌ဥဣဌချန်းမှာ သူ့အားတွေ့ရန် လူတစ်စုကို ဆေးရုံထဲ ခေါ်လာသည်ကို ရုတ်တရက် သတိရသွားခဲ့သည်။ နည်းပြများ၊ လက်ထောက်နည်းပြများနှင့် အခြားအသင်းအဖွဲ့ဝင်များ ရှိနေသည်မှာ ထင်ရှားသော်လည်း နောက်ဆုံးတွင် ဥဣဌချန်က "ရှောင်ကျိုး၊ နောက်ဆက်တွဲပွဲအစီအစဉ်အကြောင်း ဘင်းဘင်းကို ပြောပြလိုက်" ဟူသောစကားလုံးဖြင့် ခေါင်းဆောင်ကျိုးလီ၏နောက်တွင် ရှိနေခဲ့သည်။

ထိုအချိန်၌ ရှီရှောင်ဘင်းအနည်းငယ် စိတ်ရှုပ်သွားသည်။ အိုမီဂါအား ကွဲပြားခံရသောအခါ လေ့ကျင့်ရေးပွဲများအကြောင်းကို သူနှင့်စကားပြောရန် အယ်လ်ဖာတစ်ဦးတည်းထားခဲ့ခြင်းသည် အဓိပ္ပာယ်ရှိပါသလား။ ထို့နောက်တွင်တော့ သူဌေး၏နူးညံ့သောအပြုံးကို မြင်လိုက်ရပြီး သူအတွေးလွန်လွန်းသည်ဟု ထင်ခဲ့သည်။

ကျိုးလီသည် အသင်းခေါင်းဆောင်ဖြစ်သည်။ အသင်းခေါင်းဆောင်သည် လာမည့်လေ့ကျင့်ရေးပွဲစဉ်အစီအစဉ်များကို ကစားသမားများအားရှင်းပြရန် ယုတ္တိမရှိစရာမရှိဟု ထင်မြင်မိသည် မဟုတ်ပါလား။ အယ်ဖာ၏ချဉ်းကပ်မှုဖြင့် သူသည် အလွန်ရွံရှာခဲ့သော်လည်း e-sportsကစားသမားတစ်ဦး၏ ညွှန်ပြမှုကြောင့် မသက်မသာဖြစ်မှုကို ခံနိုင်ရည်ရှိပြီး ခေါင်းဆောင်ကျိုးပြောပြသော လေ့ကျင့်ရေးပွဲများအတွက် အစီအစဉ်အကြောင်း သူ့အား ပြောပြသည်ကို နားထောင်ခဲ့သည်။

ရွှေအဆင့်နည်းပြDonde viven las historias. Descúbrelo ahora