Part 31

988 143 2
                                    

Chapter 31: နွေဦးပွဲတော်အားလပ်ရက်

ပိုင်ဖန်းသည် သို့သို့အား ကားဆီခေါ်သွားခဲ့သည်။ သူသည်ခွေးအား အနောက်ခုံတွင်ထားကာ အရှေ့တံခါးကိုဖွင့်ပြီး ပြောခဲ့သည်။ "ဆရာ။ ရှေ့ခုံမှာထိုင်ပါ"

ကျန်းရှောင်ယွီသည် ခေါင်းငြိမ့်ကာ သူ၏ခါးပတ်ပတ်ရန် ကားထဲဝင်ခဲ့သည်။ ယ

ပိုင်ဖန်းသည်ပြုံးလိုက်ကာ သူ့အားကြည့်လိုက်သည်။ "ကျွန်တော်ဒီနွေဦးပွဲတော်ကို တစ်‌ယောက်တည်း ဖြတ်သန်းရတော့မှာကိုလစိတ်ပူနေခဲ့တာ။ ဆရာလည်း မြို့တော်မှာရှိနေတော့ အရမ်းကောင်းတယ်။ ကျွန်တော်တို့ အဖော်လုပ်လို့ရတယ်"

ကျန်းရှောင်ယွီသည် ပုံမှန်သာပြောလိုက်သည်။ "ငါနိုင်ငံခြားသွားတဲ့ လွန်ခဲ့တဲ့နှစ်တစ်ချို့အတွင်း ငါနွေဦးပွဲတော်ကို တကယ်မဆင်နွှဲခဲ့ဘူး။ ငါဒီအားလပ်ရပ်တွေကို သိပ်ဂရုမစိုက်ဘူး"

ပိုင်ဖန်းသည် သူ့ဆရာ၏မိသားစုနှင့် သူနှင့်အတူ အားလပ်ရက်များအဘယ်ကြောင့် မဖြုန်းသည်ကို မမေးခဲ့ပေ...သူသည် အပူပေးစက်ကိုဖွင့်ကာ ‌ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ဆရာက တရုတ်ကို ပြန်လာပြီဆိုတော့ ရိုးရာပွဲတော်ရဲ့အခြေအနေကို ဆင်နွှဲသင့်တယ်။ ကျွန်တော်ဆရာ့အတွက် စားဖို့ဖက်ထုပ်လုပ်ပေးမယ်။ ဆရာကျွန်တော့်ရဲ့ဟင်းချက်လက်ရာကို မမြည်းစမ်းဖူးသေးဘူးမလား"

ကျန်းရှောင်ယွီ အနည်းငယ်အံ့ဩသွားသည်။ "မင်းကဟင်းချက်နိုင်တာလား"

ပိုင်ဖန်းသည် ဂုဏ်ယူနေပုံပေါ်သည်။ "ဒါပေါ့။ ကျွ‌န်တော်ဒီနှစ်တွေအတွင်း ကိုယ့်ဘာသာချက်လာပြီး ကျွန်တော့်ဟင်းချက်စွမ်းရည်တွေလည်း တိုးတက်လာပြီ"

သူ၏တပည့်မှာ အများကြီး ပြောင်းလဲသွားခဲ့သည်။ ယခင်ကရှောင်းပိုင်မှာ 'မီးဖိုချောင် ဖျက်ဆီးသူ'ဖြစ်ခဲ့သည်။ ACE အနိုင်ရပြီးနောက် တစ်ခါတွင် ACE ထဲတွင် ရှောင်းပိုင်သည် လူတိုင်းအတွက် အသားကင်လုပ်ပေးမည်ဟု ပြောသည်က်ို သူသတိရခဲ့သည်။ သူသည် မီးဖိုချောင်အား ရှို့မိမလိုပင်ဖြစ်ကာ မကျေမနပ်နှင့် ထွက်ပြေးသွားခဲ့သည်...

ရွှေအဆင့်နည်းပြWhere stories live. Discover now