Part 32

1K 136 2
                                    

Chapter 32

နေ့လယ်ဘက်တွင် ပိုင်ဖန်းသည် ‌ကျန်းရှောင်ယွီအား ခြံထဲသို့ ခေါ်သွားခဲ့သည်။ 'စားပြီးနောက် လမ်းလျှောက်ခြင်း'ဟု ခေါ်သော်လည်း တကယ်တမ်းတွင် 'ခွေးအားကြိုးဆွဲ လမ်းလျှောက်ခြင်း' ဖြစ်သည်။

သူတို့နှစ်ယောက်လုံး အေးခဲနေသော ရေကန်ဘေး ဘေးချင်းကပ် လမ်းလျှောက်နေခဲ့ကြသည်။ ပိုင်ဖန်းသည် ခွေးကြိုးကိုကိုင်ကာ မေးလိုက်သည်။ "ဆရာ၊ ဘယ်တုန်းက သို့သို့ကို စမွေးခဲ့တာလဲ"

ကျန်းရှောင်ယွီ ဖြေလိုက်သည်။ "ငါနိုင်ငံခြား သွားတဲ့နှစ်က မွေးစားခဲ့တယ်။ သူကဒီနှစ် ငါးနှစ်အတိပဲ"

ပိုင်ဖန်းသည် သူ့ရှေ့ပြေးနေသော သို့သို့ကို ကြည့်ကာ ရယ်လိုက်သည်။ "ဆရာက သင်ပေးတဲ့ ခွေးဖြစ်ရတာ တန်တယ်။ သူက ချစ်စရာကောင်းပြီး လိမ္မာတယ်။ သူအိမ်ကို မဖွပစ်ဘူး။ ကျွန်တော်ခုနက မီးဖိုချောင်ထဲမှာ ဟင်းချက်နေပြီး သူကကျွန်တော့်နား ပတ်နေပြီး စားဖို့တစ်ခုခုရှာ‌နေတယ်။ ဒါကထူးခြားတဲ့စွမ်းရည်နီးပါးပဲ"

အလှမွေးခွေးသည် တက်ကြွကာ အားကောင်းသော ပူးပေါင်းတိုက်ခိုက်ခြင်း သက်ရောက်မှုရှိသည်။ ထိုစဉ် သို့သို့သည် လိမ္မာ‌‌သည့် အလှမွေးခွေးဖြစ်သည်။ သူသည် ပြေးရသည်ကို ကြိုက်သော်လည်း ခုန်ပေါက်ကာ ပရိဘောဂများအား ဖျက်ဆီးပစ်ခြင်းမျိုး မလုပ်ပေ။ သူဗိုက်ဆာသောအခါ သူ၏ပိုင်ရှင်အား အစာတောင်းပြီး သူဗိုက်ပြည့်သောအခါ သူ့ဘာသာကစားနေလိမ့်မည်။ ဤသည်မှာ စိုးရိမ်စိတ်ကင်းမဲ့သည်။

နှစ်ပေါင်းများစွာကြာ သူသည်‌ကျန်းရှောင်ယွီအား နိိုင်ငံခြားတွင် အတူရှိခဲ့သည်။ ကျန်းရှောင်ယွီ၏ စိတ်ထဲတွင် သူသည် မိသားစုကဲ့သို့ အရေးကြီးသည်။

ကျန်းရှောင်ယွီသည် သို့သို့၏တက်ကြွနေသည့် နောက်ကျောကို ကြည့်ကာ စိတ်ကောင်းဝင်နေသည်။ သူ၏အသံမှာ အနည်းငယ် ပျော့ပြောင်းနေသည်။ "ရှောင်ပိုင်၊ ပလက်ဖောင်းအသစ်နဲ့ မင်းစာချုပ်က လက်မှတ်မထိုးရသေးဘဲ နောက်ရက်ပိုင်းအတွင်း တိုက်ရိုက်မထုတ်လွှင့်ဘူးဆို။ မင်းမှာ အကြံအစည်တွေရှိလား"

ရွှေအဆင့်နည်းပြWhere stories live. Discover now