Part 71

676 90 1
                                    

Chapter 70: ရှီရှောင်ဘင်း

ကျန်းရှောင်ယွီသည် 'လှုပ်ရှားမှုနှစ်ခုနှင့် ငြိမ်သက်ခြင်း' ပေါင်းစပ်ထားသော ဘုံတြိဂံသည် ပြင်းထန်သောလုပ်ဆောင်နိုင်စွမ်းရှိသော ရှေ့တန်းကစားသမားနှစ်ဦးဖြစ်သည့် ယယ်ကျင်းမင်နှင့် ဟွားရန်တို့ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ သူတို့သည် ရန်သူ၏စည်းချက်အား လုံးဝနှောင့်ယှက်ကာ အလျင်မြန်ဆုံး ထက်သော ဓားတစ်ချောင်းကဲ့သို့ ရန်သူ၏စခန်းထဲသို့ ထိုးကျသွားသည်။

သူစိတ်ကူးထားသည့် လူစာရင်းမှာ ပြီးပြည့်စုံသည်။ ကံမကောင်းစွာနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရမည့်အချိန်ရောက်လာသည်နှင့်၊ ရှေ့တန်းရှိလူနှစ်ယောက်သည် 'မြင်းများကဲ့သို့ ရွေ့သွားသည်'။ ပြိုင်ဘက်ကို အနှောင့်ယှက်ဖြစ်စေသည့် အကျိုးသက်ရောက်မှုကို ယခုအချိန်အထိ မမြင်နိုင်ပေ။ ထိုအစား သူတို့သည် သူတို့ကိုယ်သူတို့ စိတ်ရှုပ်စရာအဖြစ် ရိုက်နှက်ကြသည်။

ဂိမ်းတစ်ခုတွင် ယယ်ကျီအား ဟွာဟွာမှ သုံးကြိမ်တိုင်တိုင် ငပစ်ခဲ့သည်။

ယယ်ကျင်းမင်မှာ အဆင်မပြေပေ။ သူအမှားလုပ်မိပါက အစ်ကိုယွီအား ဆဲဆိုကြိမ်းမောင်းသည်ကို ပိုကြိုက်သည်။ သူ့အသင်းဖော်များ၏ ပစ်ပယ်ခြင်းကိုမခံချင်ဘူး မဟုတ်လား။

ဂိမ်းကစားရသည်မှာ တကယ်ပင်ပန်းသည်။ သူတို့သည် 0:3 ရှုံးရုံတင်မကဘဲ သူ့အသင်းဖော်များ၏ လက်ပစ်ဗုံးကြောင့် အချိန်တိုင်း သေဆုံးခဲ့ရသည်။ ယယ်ကျင်းမင်သည် သူ့နားထင်များ တဒုတ်ဒုတ်ခုန်နေကာ ပေါက်ကွဲသွားသည့် လက်ပစ်ဗုံး၏ 'ပေါက်ကွဲသံ' နှင့် သူ့စိတ်ထဲတွင် ပြည့်နှက်နေသည်။

သူမ‌မေးဘဲ မနေနိုင်ခဲ့ပေ။ "ဟွားရန်၊ မင်းငါ့ကို အငြိုးအ‌တေးရှိလို့လား"

ဟွားရန်သည် အပြစ်ကင်းသည်။ "ကျွန်တော်မသိဘူး။ လက်ပစ်ဗုံးကိုပစ်တိုင်း အစ်ကိုဘာလို့အဲဒီမှာအမြဲရပ်နေရတာလဲ"

ယယ်ကျင်းမင် ဆွံ့အသွားခဲ့သည်။ "မင်းရဲ့လက်ပစ်ဗုံးနား ငါဘယ်လိုရပ်တာလဲတဲ့လား။ မင်းကငါ့ခြေရင်းကို လက်ပစ်ဗုံးနဲ့ပစ်တာ မဟုတ်ဘူးလား"

ရွှေအဆင့်နည်းပြWhere stories live. Discover now