Part 109

256 53 1
                                    

Chapter 109 : ကိုယ့်ကိုယ်ကို သုံးသပ်ခြင်း

ဟွားရန်သည် မိမိကိုယ်မိမိ ဝေဖန်မှုပုံစံများကို အင်တာနက်တွင် အချိန်အတော်ကြာ ရှာဖွေခဲ့သည်။ သို့သော်လည်း ဤပုံစံများကို ကျောင်းသားများမှ ဆရာများထံနှင့် ဝန်ထမ်းများမှ ခေါင်းဆောင်များထံ ရေးခဲ့ကြသည်။ e-sports ကစားသမားများသည် မိမိကိုယ်ကို ဝေဖန်ရေးစာများ မည်သို့ရေးသားသင့်သည်ဆိုသည့် ဆောင်းပါးတစ်ပုဒ်ကို သူမတွေ့ခဲ့ရပေ။

သူ၏တုံ့ပြန်မှုအမြန်နှုန်းနှင့် လက်အမြန်နှုန်းတို့သည် လုံလောက်စွာ မမြန်ဆန်ကြောင်း ဆန်းစစ်ရမည်လား။ သူ့သဘောထားက မကောင်းဘူးလား။ ဒါကို ဘယ်လိုရေးနိုင်မလဲ။ ဟွားရန်သည် ခက်ခက်ခဲခဲ စဉ်းစားနေသော်လည်း မည်ကဲ့သို့ရေးရမှန်း မသိသေးပေ။ ထို့နောက်သူသည် ဘေးအခန်းမှ ရှုချန်ကိုရှာရန် ဆုံးဖြတ်လိုက်သည်။

ရှုချန်သည် တစ်စုံတစ်ယောက် တံခါးလာခေါက်သံကြားစဥ် ရေချိုးပြီးသွားခဲ့သည်။ သူသည်သူ့ဆံပင်များကို မျက်နှာသုတ်ပုဝါနှင့် သုတ်လိုက်သည်။ သူသည် တံခါးဆီသို့ လျှောက်သွားပြီး ခိုးကြည့်သည့်အပေါက်မှ လှမ်းကြည့်လိုက်သည်။ သေချာသည်မှာ ဟွားရန်ဖြစ်သည်။

ဤလုပ်‌ဖော်ကိုင်ဖက်ကျောင်းသားသည် ရွှင်လန်းသော ကိုယ်ရည်ကိုယ်သွေးရှိပြီး အလွန်ဖော်ရွေသည်။ ရှုချန်သည် စကားမပြောချင်လျှင်ပင် ဟွားရန်မှာ သူ့ကိုယ်သူ အချိန်အတော်ကြာ စကားပြောနိုင်သည်။ သူလုံးဝမရှက်ပေ။

ရှုချန်သည်အသက်ပြင်းပြင်းရှူပြီး တံခါးကိုဖွင့်ကာ ချီတုံချတုံပြောသည်။ "ဘ-ဘာလို့ငါ့ကိုရှာနေတာလဲ"

ဟွားရန်မေးလိုက်သည်။ "အစ်ကိုချန်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်စာရေးနည်းကို သိလား"

ရှုချန်သည် ခဏတာကြောင်သွားသည်။ "ကိုယ့်ကိုယ်ကို သုံးသပ်တာလား"

ဟွားရန်မှာ ဝမ်းနည်းသည့်မျက်နှာနှင့်ပြောလိုက်သည်။ "ဟုတ်တယ်။ နည်းပြကဖန်းက ကျွန်တော့်ကို ကိုယ့်ကိုယ်ကို သုံးသပ်စာရေးဖို့ စကားလုံး1000ရေးခိုင်းတယ်။ စကားလုံး 1000 မပြောနဲ့ စာလုံးရေ100တောင် ကျွန်တော်မရေးနိုင်ဘူး။ ငယ်ငယ်ကတည်းက ဒီလိုစာမျိုး တစ်ခါမှ မရေးဖူးဘူး"

ရွှေအဆင့်နည်းပြWhere stories live. Discover now