Part 41

780 112 1
                                    

Chapter 41: လက်‌ဆောင်

ACE 2.0၏ တူညီသော အဖွဲ့စကားပြောခန်းထဲ လောင်လင်းသည် စိတ်လှုပ်ရှားစွာ ထွက်လာခဲ့သည်။

[လောင်လင်း]: မင်းတို့ တက်သစ်စကြယ်ပွင့်ဖလားက ရှောင်ပိုင်ရဲ့ပွဲကို ကြည့်ကြလား။

[ကျိုးယီရန်]: အခုကြည့်နေတာ။

[လောင်လင်း]: သူ ခုနလေးကပဲ မင်းအကြိုက် skinဖြစ်တဲ့ AK12-Dark Nightကို သုံးခဲ့တယ်။ သူက မင်းအတော်ဆုံးဖြစ်တဲ့ ရွေ့လျားပုံစံကိုလည်း သုံးခဲ့တယ်။

[ကျိုးယီရန်]: မြင်ပါတယ်။ သူ အရမ်းကောင်းကောင်း ဆော့ခဲ့တယ်။ [လက်ခုပ်တီးသည့်ပုံ]

[လောင်လင်း]: ဒီအချီမှာ ယယ်ကျီရဲ့ ချန်ပီယံရှစ် skinကို ယူခဲ့တယ်။ @Ye Zi, လာကြည့်ဦး

[ယယ်ကျီ:] ??

[ယယ်ကျီ:] ဘာဖြစ်တာလဲ။ ငါ ခုပဲ နိုးလာတာ။

ယယ်ကျင်းမင်သည် သူ၏ဆိုင်းငံ့မှုကြောင့် ကလပ်ထဲ ဝင်ပါစရာ မလိုပေ။ သူသည်ဤရက်ပိုင်းအတွင်း မနက်၃နာရီမတိုင်မချင်းနေကာ နေ့လယ်မတိုင်မချင်း အိပ်ခဲ့သည်။ သေချာသည်မှာ ယနေ့သည်တက်သစ်စ ကြယ်ပွင့်မျယးဖလား၏ နောက်ဆုံးအချီဖြစ်သည်ကို သူသိနေခဲ့ကာ ထကြည့်ရန် နှိုးစက်ပင် လုပ်ထားခဲ့သည်။ ပိုင်ဖန်းနှင့် လင်းဟိုင်တို့ ပထမပွဲတွင် တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

အဖွဲ့ထဲသတင်းများမြင်ပြီးနောက် ယယ်ကျင်းမင်သည် မျက်နှာပင် မသစ်တော့ပေ။ သူသည် ထိုင်ချရန် ကွန်ပျူ‌တာဆီ အမြန်ပြေးသွားကာ တိုက်ရိုက်ထုတ်လွှင့်မှုကိုဖွင့်ခဲ့သည်။

ဒုတိယဂိမ်းမြေပုံမှာ စတော့မည် ဖြစ်ပြီး တရားဝင်တိုက်ရိုက် ထုတ်လွင့်ခန်းထဲ မှတ်ချက်နေရာမှာ ပွက်လောရိုက် နေသည်။

[ACE ရဲ့ ပရိသတ်ဟောင်း အစီရင်ခံဖို့လာပြီ]

[ငါးနှစ်အကြာက ပရိသတ်က ရှောင်ပိုင်ကို ကြည့်ဖို့ ထပ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု appကို ဒေါင်းလုတ်ခဲ့ပါတယ်]

[Fred က ကျိုးကျိုး ကစားပုံကို အတုယူခဲ့တယ်လို့ ငါကြားတယ်။ ဒီဂိမ်းမှာ သူက ယယ်ကျီရဲ့ အရိပ်တိုက်ခိုက်မှုကို ကစားတော့မှာလား။ ငါ အရမ်း စိတ်လှုပ်ရှားနေပြီ]

ရွှေအဆင့်နည်းပြWhere stories live. Discover now