Part 42

788 121 1
                                    

Chapter 42: ဒဏ္ဍာရီသည် ထာဝရအသက်ရှင်သည်

ရလဒ်မှာ 3:0ဖြစ်သည်။ အသံလုံခန်းထဲတွင် လင်းဟိုင်၏အမူအရာမှာ ပို၍ပင်အကျည်းတန်သွားကာ သူ့နောက်ကျောမှာ အပ်များဖြင့် အထိုးခံရသကဲ့သို့ အနားမရဖြစ်နေခဲ့သည်။ သူသည် Fred နှင့် တစ်ခါမျှမကစားဘူးသော်လည်း သူ့တွင် ပြည်တွင်းဆာဗာထဲ တူညီသောအဆင့်ရှိသည်။ သူတို့နှစ်ယောက်လုံး၏ အင်အားမှာ သိပ်မထူးခြားဟု သူအမြဲထင်ခဲ့သည်။

Fredသည် သေနတ်ပစ်သမားနေရာကစားပြီး အစ်ကိုပိုင်မှာ ချေမှုန်းသူနေရာတွင် ကစားခဲ့သည်။

တစ်ယောက်မှာ အကွာအဝေးနှင့်ဖြစ်ပြီး အခြားတစ်ယောက်မှာ ရှုပ်ထွေးသောအနီးကပ်တိုက်ခိုက်သူဖြစ်ကာ တစ်ယောက်ချင်းစီတွင် ကြီးမားသော ပရိသတ်ရှိခဲ့သည်။

ယခု Fred သည် ဝက်ဝံလေးတီဗီသို့ ပြောင်းရွှေ့သွားကာ အစ်ကိုဟိုင်သည် ကျင်းကွန်ရက်ပေါ် အကျော်ကြားဆုံး တိုက်ရိုက်ထုတ်လွှင့်သူဖြစ်လာခဲ့သည်။ သူတို့သည် Fred ၏နေရာအား အစားထိုးချင်နေကြသည်။ ဤတစ်ကြိမ် တက်သစ်စကြယ်ပွင့်ဖလားအတွက် သူသည် ကြီးမားသော FADကလပ်၏နည်းပြဖြစ်‌သည့် ချန်ဖိုင်ဖန်ကို Fred ၏ကစားကွက်ပုံစံအား ကူညီစစ်ဆေးပေးရန်နှင့် ပစ်မှတ်ထားနည်းဗျူဟာကို တိုးတက်စေရန် အထူးဖိတ်ကြားခဲ့သည်...

သို့သော်လည်း ရလဒ်များသည် သူ၏ကြိုးစားအားထုတ်မှုများမှာ အသုံးမဝင်ဟု ပြောနေသည်လား။ ပိုင်ဖန်းသည် ပထမကစားပွဲသုံးခုတွင် သေနတ်ပစ်သမားနေရာ မယူခဲ့ပေ။ သူသည်အခြားနေရာများနှင့် လင်းဟိုင်အား အနိုင်ရနိုင်သည်လား။

လင်းဟိုင်သည် ဘဝနှင့်ပတ်သက်၍ သံသယတစ်ချို့ရှိနေခဲ့သည်။

ကျင်းကွန်ရက်၏ ပိုင်ရှင်ဖြစ်သော ကျန်းရူမင်သည် ပရိသတ်ထဲထိုင်နေသည့်အခါ မျက်နှာညှိုးနေခဲ့သည်။ "အားဟိုင်ရဲ့ အနိုင်ရနှုန်းက ကောင်းတယ်လို့ မင်းမပြောခဲ့ဘူးလား"

နည်းပြချန်၏ နဖူးပေါ် ချွေးများစိုစွတ်နေခဲ့သည်။ "ဒါက... မျှော်လင့်ချက်ရှိပါသေးတယ်"

ဥက္ကဌကျန်းသည် မျက်စောင်းထိုးလိုက်သည်။ "သူက 0:3နဲ့ အနောက်မှာရှိနေချိန်မှာ 4:3ရလဒ်အတွက် ပြောင်းပြန်လှန်နိုင်မှာလား"

ရွှေအဆင့်နည်းပြWhere stories live. Discover now