ပရိတ်သတ်များ: "မင်းသမီးမို ဖိုက်တင်း။ ပြီးခဲ့ တဲ့အချိန်မှာ မင်းငိုပြီး စင်ပေါ်ကနေဆင်းခဲ့တယ်။ ဒီနှစ်မှာ မင်းနည်းနည်းပဲငိုမယ်လို့ ငါမျှော်လင့်တယ်"

လူမည်းပရိသတ်များ: "မင်းကို သေနတ်ဘုရငိသံတမန်အဖြစ်ကနေ နှုတ်ထွက်ဖို့ ငါအကြံ‌ပေးတယ်။ လက်ရွေးစင်အသင်းအတွက် ပန်းအိုးဖြစ်တဲ့အတွက် မင်းမှာတာဝန်ရှိတယ်။ ဒီနှစ်မှာ ကြော်ငြာဘယ်လောက်တောင်ရိုက်ပြီးပြီလဲ"

မှတ်ချက်ဧရိယာရှိ ပရိသတ်များနှင့် လူမည်းပရိသတ်များက ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ မိုဟန်တျန်းသည် ယခင် '‌သေနတ်ဘုရင်ပုံရိပ်သံတမန်' ဖြစ်ပြီး သူသည်လက်ရွေးစင်အသင်း၏ပုံရိပ်ကို အမှန်တကယ် ပျက်စီးစေခဲ့သည်။ သူ့ကိုယ်သူ ရှက်နေ‌သောကြောင့် လူမည်းပရိသတ်များ၏ မှတ်ချက်များကို မမြင်ချင်ယောင်ဆောင်ခဲ့သည်။

နှိုင်းရပြောရလျှင် ရှားလီနှင့် ရှီရှောင်ဘင်းတို့၏ မှတ်ချက်များသည် ပို၍သဟဇာတဖြစ်ခဲ့သည်။ သူတို့မှာ ထပ်မံရွေးချယ်ခံရသည့်အတွက် ထပ်ဂုဏ်ပြုခံရသည်။

ရှီရှောင်ဘင်း၏ပရိသတ်များသည် ပျော်ရွှင်ခဲ့ကြသည်။ "ရှောင်ဘင်းရဲ့ ကလပ်ဟောင်း RED က ပျောက်သွားပြီ။ ရှောင်ဘင်းဟာ အနာဂတ်မှာ လက်ရွေးစင်အသင်းမှာကစားဖို့ အာရုံစိုက်သွားမှာပဲ"

"ဖိုက်တင်း ဘင်းဘင်း။ မင်းက လက်ရွေးစင်အသင်းအတွက် တစ်ဦးတည်းသော အိုမီဂါကစားသမားပဲ။ ဂရုစိုက်ပါ~"

ရှုချန်သည် ဘာပြောရမှန်းမသိသောကြောင့် ပျော်ရွှင်သော အီမိုဂျီဖြင့် Weibo ပို့စ်ကို ထပ်ဆင့်တင်လိုက်သည်။

သူ့တွင်ပရိသတ်အများကြီးမရှိသော်လည်း ကျန်သည့်သူများကတော့ ACE ပရိသတ်ဟောင်းများဖြစ်သည်။ လူတိုင်းက အလွန်အံ့သြသွားပြီး ပြောကြသည်။ "နောက်ဆုံးတော့ ချန်ချန်ကို ပြိုင်ပွဲမှာ တွေ့နိုင်ပြီလား"

"ရှုချန်က အနားယူသွားပြီလို့ ငါထင်ခဲ့တာ။ မင်းကိုနောက်ဆုံးတွေ့တာ ဘယ်လောက်ကြာပြီလဲ"

ရှုချန်သည် ဤမှတ်ချက်များကို မြင်သောအခါ အနည်းငယ် ဝမ်းနည်းသွားသည်။

ရွှေအဆင့်နည်းပြWhere stories live. Discover now