ဤကမ္ဘာကြီးတွင် သူမ ရုပ်ရည်အား ယှဥ်နိုင်သူ မရှိနိုင်ဟု သူမ ယုံကြည်နေခဲ့သည်။ ဂိုဏ်းကြီးများမှ တပည့်အမျိုးသမီးများမှလွဲ၍ မည်သူမဆို သူမကို ကျော်လွန်ရန် ခက်ခဲပေလိမ့်မည်ဟု ယူဆထားခဲ့သည်။

သို့သော် ယခုမှ သူမ အထင်မှားနေခဲ့သည်ကို သိလာခဲ့သည်။

ဤမိန်းမနှစ်ယောက်တွင် မည်သူကမျှ သူမထက် နိမ့်ကျသည်မဟုတ်ပေ။

ထို့ထက် ပိုအရေးကြီးသည်မှာ ထိုအမျိုးသမီးနှစ်ဦးသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ဗဟိုပြုနေခြင်းဖြစ်သည်။ ပုံရိပ်ကျောက်တုံးမှ အဖြစ်အပျက်တစ်ခုလုံးကို ကြည့်ပြီးနောက် အသေးစိတ် အချက်အလက်များကို သူရှာဖွေတွေ့ရှိခဲ့သည်။

နင်းမန်မန်းမှာ တိုက်ခိုက်ရန် ပြင်လိုက်စဥ် သူမသည် ရီချန်းဂျီကို တစ်ချက် မော့ကြည့်လိုက်သည်။ ထိုလူမှ ဘာမှ မပြော၍သာ နင်းမန်မန်း ဆက်လက်တိုက်ခိုက်ခြင်း ဖြစ်သည်။ ထိုလူမှာ သူတို့၏ ခေါင်းဆောင်အစစ်အမှန်ဖြစ်သည်ဟု ခံစားလာရသည်။

ပိုအရေးကြီးသည်မှာ ထိုအမျိုးသမီးနှစ်ဦးစလုံးသည် အလယ်အလတ်အဆင့် အင်ပါယာများ ဖြစ်ကြသည်။

၎င်းမှာ ကောင်းကင်မြို့တော်မှ အထွတ်အထိပ်ကျင့်ကြံသူများထက် သာလွန်နေခဲ့လေပြီ။

ထို့ကြောင့်လည်း အကြီးအကဲ ချင်ဖန် မလှုပ်မရှားရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ ဂိုဏ်းကြီးများမှ လူများကို စော်ကားမိလျှင် သူတို့တွင် ဆုံးရှုံးမှုများသာ ရှိပေမည်။

ထို့ထက် ပိုအရေးကြီးသည်မှာ ထိုအမျိုးသား၏ ကျင့်ကြံမှု အဆင့်ကို မမြင်နိုင်ပေ။ ၎င်းကသာ အကြီးအကဲချင်ဖန်း ကြောက်ရွံ့နေရသည့် အကြောင်းအရင်း ဖြစ်ပေသည်။

သူ၏ အင်ပါယာ အလယ်အလတ်အဆင့် ကျင့်ကြံမှုနှင့်ပင် ထိုလူ၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်ပေ။

"အကြီးအကဲချင်ဖန်... ရှင်... ဘယ်လိုထင်လဲ..." ခရမ်းရောင်ဝတ် အမျိုးသမီးမှ မေးလိုက်သည်။

အကြီးအကဲ ချင်ဖန် အံ့အားသင့်သွား၏။ ၎င်းမေးခွန်းမှာ တချိန်လုံးငြိမ်သက်နေခဲ့သော ယောက်ျားအကြောင်းကို မေးခြင်း ဖြစ်သည်ကို သူ သဘောပေါက်သည်။ သူ တကယ်ကို တုန်လှုပ်ကာ အံ့အားသင့်သွားမိသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Wo Geschichten leben. Entdecke jetzt