290

230 10 1
                                    

အခန်း 290- ရှုံးနိမ့်ခြင်း

“ဒါ မဖြစ်နိုင်ဘူး...” ကျန်းဝမ်ထျန်း စိတ်ထဲမှ သူ့အတွေးကို ငြင်းဆန်နေခဲ့သည်။

အင်ပါယာတစ်ပါးဖြစ်လာရန် မည်မျှခက်ခဲသည်ကို မည်သူမျှ မသိကြပေ။ ဤသည်မှာ လူတစ်ယောက် ချီစွမ်းအင်များ စုစည်းတတ်ရုံဖြင့် အောင်မြင်နိုင်သောအရာမဟုတ်ပေ။ အရေးကြီးဆုံးမှာ တာအိုအား သဘောပေါက်ရန်နှင့် နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ရန်ပင်ဖြစ်သည်။

၎င်းမှာ ဤမျှ အချိန်တိုအတွင်း အောင်မြင်နိုင်သည့်အရာ မဟုတ်ပေ။

စုယွင်မပျောက်ဆုံးခင်က သူ၏နယ်ပယ်သည် စုယွမ်ထက်ပင် မြင့်မားခဲ့သည်။ သူပင် ယခုအချိန်အထိ အင်ပါယာအဆင့်ကို မရောက်နိုင်ခဲလျှင် စုယွင်ဆို ပြောနေစရာပင် မလိုပေ။

သို့သော် သူမ၏ အော်ရာသည် သိသိသာသာ အားကောင်းနေပေသည်။

ချောက်ထဲပြုတ်ကျစဥ်က သူမ၏ ကျင့်ကြံဆင့်ကို တိုးမြင့်စေမည့် ရတနာ သို့မဟုတ် ဆေးဖက်ဝင်အသီးတို့ကဲ့သို့ တစ်ခုခုကို ကံကောင်းထောက်မပြီး တွေ့နိုင်ခဲ့ခြင်း ဖြစ်ပေမည်။ မဟုတ်လျှင် ပုံမှန်သာဆိုလျှင် သူမသည် အဆင့်တစ်ဝက်အင်ပါယာဖြစ်လာရန်ပင် အလွန်အလှမ်းဝေးနေသင့်သေးသည်။

သူမ အစစ်အမှန်အင်ပါယာတစ်ပါး မဟုတ်သရွေ့ သူ စိတ်မပူပေ။ သူ့လက်ရှိနယ်ပယ်နှင့်ဆိုလျှင် မည်သည့်အဆင့်တစ်ဝက်အင်ပါယာများမှ သူ့အား အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။

ယခုအချိန်တွင် ကန္တာရဓားဂိုဏ်း၏ အရှိန်အဝါသည် ကောင်းကင်မှ နေမင်းကြီးနှင့် တူနေပေသည်။ အရှေ့ပိုင်းဒေသတစ်ခုလုံးသူတို့ လက်အောက်ခံဖြစ်ခဲ့ပြီဖြစ်ပြီး မြောက်ပိုင်းဒေသတစ်ခုလုံးတွင်လည်း ကောင်းကင်နှင်းနန်းတော်နှင့် နန်းတော်လက်အောက်ခံများမှလွဲ၍ လူတိုင်း ၎င်းတို့၏လက်အောက်ခံများဖြစ်နေခဲ့ပြီးဖြစ်သည်။ ကောင်းကင်နှင်းနန်းတော်အား သိမ်းပိုက်နိုင်သရွေ့ ကန္တာရဓားဂိုဏ်းသည် အရှေ့ဘက်ဒေသနှင့် မြောက်ဘက်ဒေသကို စိုးမိုးနိုင်တော့မည်ဖြစ်သည်။

သူတို့ကို မည်သူမှ တားလို့ မရနိုင်တော့ပေ။

ကျန်းဝမ်ထျန်း စုယွင်ကို ကြည့်လိုက်သည်။ ယခုအချိန်တွင် ကိုင်တွယ်ရအခက်ဆုံးမှာ စုယွင်ပင် ဖြစ်ပေမည်။ ထို့ကြောင့်သာ ဝမ်ကျန်းဒေါင် သူ့ကို ဤနေရာတွင် ခေါ်လိုက်ရခြင်း အကြောင်းရင်းလည်း ဖြစ်နိုင်သည်။ ရီချန်းဂျီနှင့် တခြားသူများကိုတော့ ကျန်းဝမ်ထျန်း သူတို့ကို လှည့်ကြည့်ဖို့ပင် စိတ်မ၀င်စားပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Kde žijí příběhy. Začni objevovat