279

127 8 0
                                    

အခန်း 279- အကြီးအကဲထျန်းရွှမ်အား ကုသခြင်း။

ရီချန်းဂျီ နင်းမန်မန်းကို အပြစ်တင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“မင်းရဲ့ အစ်ကိုကြီးက ဂိုဏ်းထဲမဝင်ခင်ထဲက အရမ်းသန်မာနေပြီးသား.... မင်းအရွယ်မှာ အင်ပါယာတစ်ပါး ဖြစ်နေပြီ... မင်းနဲ့ နှိုင်းယှဥ်စရာတောင် မဟုတ်ဘူး... ထည့်ပြောမနေနဲ့...”

ထိုစကားများအား ကြားလျှင် အကြီးအကဲများမှာ မရှူနိုင်မကယ်နိုင်အမူအယာများ ဖြစ်သွားကြရတော့သည်။

"သူတို့ အကုန်လုံးက အင်ပါယာတွေပဲဟ...!"

အကြီးအကဲများအားလုံး၏ မျက်နှာများထက်တွင် မယုံကြည်နိုင်မှု ထိတ်လန့်မှုများဖြင့် ပြည့်နေလေသည်။

သူတို့ အသိတွင် အင်ပါယာများသည် ကမ္ဘာကို နှစ်ပေါင်းများစွာ ဖိနှိပ်နိုင်ခဲ့ကြသူများဖြစ်သည်။ အင်ပါယာတစ်ပါးဖြစ်ရန်မှာ အလွန်ခက်ခဲလှသည်။

ဟိုယခင်မှစ ယခုအချိန်အထိ သူတို့သိသမျှ ဉာဏ်ကြီးရှင်လူငယ် အများအပြားသည် အင်ပါယာတစ်ပိုင်းနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေကြဆဲဖြစ်သည်။

ထိုအဆင့်တွင်ပင် ပိတ်မိကာ စိတ်ဓာတ်ကျစွာ ဘဝဆုံးသွားကြသူများလည်း အများအပြားရှိသည်။

အင်ပါယာတစ်ပိုင်း အထွတ်အထိပ်အဆင့် တို့သည် အဆုံးမရှိသော သက်တမ်းရှိသည်ဟု ထင်ရသော်လည်း ၎င်းတို့သည် အင်ပါယာအဆင့်ကဲ့သို့ အစစ်အမှန် အင်မော်တယ် ဖြစ်လာခြင်း မဟုတ်ပေ။ တစ်ချိန်တွင် သေဆုံးကြရမည်သာ ဖြစ်သည်။

အင်ပါယာများသာလျှင် အမှန်တကယ် အဆုံးမဲ့ဘဝသက်တမ်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

သို့သော် ယခုအချိန်တွင် နင်းမန်မန်း၏ စကားများမှာ သူတို့၏ နှလုံးသားကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေခဲ့သည်။

နင်းမန်မန်းသာ သူ့ဘာသာသူ အင်ပါယာဖြစ်လာလျှင် သူတို့သည် ဤမျှထိတ်လန့်နေမည်မဟုတ်ပေ။

အထွတ်အထိပ် ပညာရှင်တစ်ယောက်အနေနှင့် ရီချန်းဂျီမှာ အင်ပါယာတစ်ပါးကို လေ့ကျင့်မွေးထုတ်ပေးနိုင်သည်ဆိုသည်ကိုလည်း နားလည်ပေးနိုင်သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now