246

164 13 0
                                    

အခန်း 246- အင်ပါယာ၏လှုပ်ခတ်မှု

မြောက်ပိုင်းအင်ယာမြို့တော်သို့ ရောက်ရှိနေသော ကျင့်ကြံသူများအားလုံး အံ့အားသင့်နေကြ၏။

ကောင်းကင်ကြီးပြိုကျလာပြီး ကောင်းကင်တာအို သက်ဆင်းလာ၏။

ဤသည်မှာ အင်ပါယာတစ်ပါး မွေးဖွားထွက်ပေါ်လာမှသာ ဖြစ်နိုင်သော ဖြစ်စဉ် တစ်ခု ဖြစ်သည်။

မြောက်ပိုင်းအင်ယာမြို့တော်အပြင်ဘက်မှ တောင်ထိပ်တစ်ခုပေါ်တွင်...

အဖြူရောင် ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကောင်ကင်တာအိုဖြစ်စဉ်ပေါ်ပေါက်ရာနေရာကို လှမ်းကြည့်လိုက်လျှင် သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုတို့ ဖြတ်ပြေးသွားခဲ့လေသည်။

"အင်ပါယာလား..."

၎င်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။

သူမ အံ့ဩထိတ်လန့်သွားသည်။

အင်ပါယာဖြစ်ရန် မည်မျှခက်ခဲသည်ကို သူမထက် မည်သူမျှ မသိကြပေ။ သူမ၏ အရည်အချင်းနှင့်ပင် သူမသည် နှစ်ထောင်ပေါင်းများစွာကြာအောင် အင်ပါယာတစ်ပိုင်း နယ်ပယ်၏ အထွတ်အထိပ်တွင် ပိတ်ဆို့နေခဲ့ရသည်။

သို့သော်လည်း သူမသည် အင်ပါယာနယ်ပယ်သို့ ဖြတ်ကျော်ရန် နည်းလမ်းရှာမတွေ့ခဲ့ပေ။

သူမ အဆင့်တက်ရောက်တော့မည်ကြံတိုင်း သူမ၏ အာရုံဝင်စားမှုမှာ လျော့ပါးသွား၏။ ကြည့်ရသည်မှာ သူမ မစိမ့်ဝင်နိုင်သော အမှုန်အမွှားအလွှာပါးတစ်ခု ရှိနေသကဲ့သို့ပင်ဖြစ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က သူမတို့သည် မြောက်ပိုင်းသဲကန္တာရတွင် အသူရာနဂါးလျှို့ဝှက်နယ်မြေ မွေးဖွားတော့မည်ဟူသော သတင်းကို ရုတ်တရက် ရရှိခဲ့ကြသည်။

အသူရာနဂါးသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ပေါ်ထွက်ခဲ့သော ပါရမီရှင်တစ်ဦးဖြစ်ကြောင်း သူတို့ သိရှိထားကြသည်။ အနှစ်တစ်ရာမပြည့်မီတွင် သူသည် ခန္ဓာကိုယ်ကျင့်ကြံခြင်းအဆင့်မှ အင်ပါယာတစ်ပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ကျင့်ကြံမှုလောကတွင် သူ့အား ဒဏ္ဍာရီအဖြစ် လူသိများသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now