300

147 11 0
                                    

အခန်း 300- ဆန်းကြယ်ယင်ခန္ဓာကိုယ်

လီချန်းထျန်မှာ ကျေးဇူးဆပ်ရန်နည်းလမ်းကို တွေးနေစဥ် သူ့သမီးမှာ အဘယ့်ကြောင့် အကြောင်းအရာကို ရုတ်တရက် ပြောင်းသွားရသနည်း။ သို့သော် သူ ချက်ချင်း ပြန်ဖြေလိုက်သည်။

"ဒါက... မင်းရဲ့ ဒုတိယဦးလေးက ငါ့ကို လာပြောတာပဲလေ..." လီချန်းထျန်မှာ ဘာမှ ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပြောခဲ့လိုက်သည်။

လီချန်းဖန် မည်သို့သိသနည်းကို သူ သိပ်အများကြီး မစဉ်းစားမိပေ။ သူသည် ဒေါသတကြီးဖြင့် ထွက်လိုက်ရန်သာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"ဒုတိယ ဦးလေးက.... ဟုတ်လား..."

လီမြောင်လင်မှာ သူ့အဖေကို သူမ လိုက်ဖမ်းခံရသည့် သတင်းကို ပြောပြသူမှာ သူမ၏ ဒုတိယဦးလေး ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမကို လိုက်ဖမ်းနေကြောင်း သူမဦးလေးက မည်သို့ သိသနည်း။

ဤအရာနှင့်ပတ်သက်၍ ထူးဆန်းမှု တစ်စုံတစ်ခု ရှိနေခဲ့သည်။

ရီချန်းဂျီသည် သူမ၏ ဦးလေးအကြောင်း ကြားသောအခါတွင် ချက်ချင်းပင် အတွေးတစ်ခုရသွားခဲ့သည်။

ခဏအကြာတွင် သူသည် ထိုကိစ္စ၏ အဓိကအကျဆုံးအချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။ လီမြောင်လင် ပြန်လာသည်ကို မြင်သောအခါ လီချန်းဖန်၏ အံ့အားသင့်သောအမူအရာဖြစ်နေသည်မှာ အရာအားလုံး ရှင်းလင်းသွားစေခဲ့သည်။

ဤကိစ္စသည် အစကတည်းက ပူးပေါင်းကြံစည်ခဲ့ခြင်း ဖြစ်နိုင်သည်။

နေဝင်ဆည်းဆာဓားဂိုဏ်းနှင့် လီချန်းဖန်တို့ ပူးပေါင်းထားသည့် အစီအစဥ်တစ်ခု ဖြစ်ပေမည်။ နေဝင်ဆည်းဆာဓားဂိုဏ်းသည် ဆမ်ဆာရာမျက်ရည်များကို ရယူနိုင်ပြီး လီချန်းထျန်အားသတ်ပြီး လီချန်းဖန်သည်လည်း လီမိသားစု၏ အကြီးအကဲရာထူးကို ရယူနိုင်လိမ့်မည်။ ကျောက်ခဲ့တစ်လုံးနှင့် ငှက်နှစ်ကောင်ကို ပစ်သည့် အကြံအစည်တစ်ခုပင် ဖြစ်ပေသည်။

ကံမကောင်းစွာပင် ဤအစီအစဥ်တွင် သူတို့အဖွဲ့က ကန့်လန့်ပါလာခဲ့သည်။

ထို့ကြောင့် အစီအစဥ်တစ်ခုလုံး ပျက်စီးသွားလေသည်။ ထို့ကြောင့် လီချန်းဖန်သည် အမှန်တရားကို ရှာဖွေရန် ယခုနက ရောက်လာခဲ့ခြင်း ဖြစ်နိုင်သည်။ အစီအစဉ်တစ်ခုလုံးသည် လီချန်းထျန် ကို ဖြုတ်ချရန် ရည်ရွယ်ထားခဲ့သည်။ လီမြောင်လင်သည် သူ့ကို လှည့်စားရန် ငါးစားတစ်ခုသာ ဖြစ်သည်။ လီချန်းထျန်ကို ထောင်ချောက်ဆင် ဖမ်းနိင်လျှင် လီမြောင်လင်နှင့် ခြိမ်းခြောက်ပြီး ဆမ်ဆရာမျက်ရည်ကို တောင်းခံနိုင်ပေည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now