278

128 9 0
                                    

အခန်း 278- နင်းမန်မန်း၏ဒေါသ

ထိုစကားများကိုကြားလျှင် အကြီးအကဲများမှာ ရက်ရောလွန်းလှသဖြင့် အလွန်အံ့ဩသွားကြသည်။

ရီချန်းဂျီ၏ ကျင့်ကြံဆင့်ကို သူတို့ အတိအကျ မသိကြသော်လည်း ထောက်ထျဲ့သားရဲသည် သူ၏ အော်ရာမျှဖြင့် ဦးညွှတ်စေခဲ့နိုင်သူမှာ အနည်းဆုံး အင်ပါယာအဆင့်တစ်ဝက်မှ သူသာ ဖြစ်သည်။

သို့မဟုတ် ပိုတောင် အားကောင်းနို်ငပေသည်။

လက်ရှိလူများထဲတွင် ရီချန်းဂျီ၏ ကျင့်ကြံမှုအဆင့်သည် အင်ပါယာအဆင့်ဖြစ်သည်ကို သိသူမှာ ပိုင်အော့ရှန်နှင့် ချူးယွဲ့လီသာ ဖြစ်ပြိး ကျန်သူများမှာ ဘာမျှမသိခြင်း အမှောင်ထဲတွင်သာ ရှိနေသေးသည်။

ရီချန်းဂျီသည် အကြီးအကဲ ထျန်းရွှမ်ကို အဆင့်တစ်ဝက် အင်ပါယာအဆင့်သို့ မြှင့်တင်နိုင်ကြောင်း ၎င်းတို့ကြားရသောအခါတွင် သူတို့ သံသယဝင်သွားမိကြသည်။

အဆင့်တစ်ဝက် အင်ပါယာ ဖြစ်လာအောင် ကိုယ်တိုင် ကျင့်ကြံခြင်းနှင့် အခြားတစ်ဦးကို အဆင့်တစ်ဝက် အင်ပါယာအဆင့်သို့ မြှင့်တင်ပေးခြင်းသည် လုံးဝကွဲပြားသော အရာနှစ်ခုဖြစ်သည်။

ထို့ကြောင့် သံသယများ တိုးလာခဲ့ကြသည်။

ရီချန်းဂျီကို မယုံကြည်ခြင်းမဟုတ်သော်လည်း သူပြောသည့်စကားကိုတော့ အနည်းနှင့် အများ သံသယဝင်မိကြသည်။

“စီနီယာ... ဒါက.... လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို အင်ပါယာ အဆင့်တစ်ဝက်အထိ မြှင့်တင်ဖို့က တကယ်ဖြစ်နိုင်ပါ့မလား....”

“စီနီယာ.... ကျွန်မတို့ စီနီယာကို မယုံတာ မဟုတ်ဘူး... ဒီကိစ္စက မယုံနိုင်လောက်အောင်ပဲ...”

“...”

ရီချန်းဂျီမှာ ဘာမှ မပြောသော်လည်း နင်းမန်မန်းကတော့ ဒေါသဖြစ်နေလေပြီ။ အခြားသူများကို ထင်ချင်သလို ထင်နိုင်ကြသည်။ သူမ၏ ဆရာသခင်ကိုတော့ မယုံသင်္ကာအထင်မခံနိုင်ပေ။

ချက်ခြင်းပင် သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ အော်ရာသည် မုန်တိုင်းတစ်ခုလို ခန်းမတစ်ခုလုံး ပြည့်နှက်သွားအောင် ပေါက်ကွဲထွက်လာတော့သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now