293

102 8 0
                                    

အခန်း 293- ဝမ်ကျန်းဒေါင်၏ကြောက်ရွံ့မှု

"မင်းတို့ အားလုံး ဘာလုပ်နေတာလဲ… ကျင့်ကြံခြင်းလောကမှာ နိုင်ရင်နိုင် မနိုင်ရင် ရှုံးမှာပဲ.... မင်းတို့ ကိုယ့်သိက္ခာကိုယ် မချကြစမ်းနဲ့... မတ်တပ်ပြန်ရပ်ပြီး အသေခံလိုက်ကြ...." ဝမ်ကျန်းဒေါင် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ ကန္တာရဓားဂိုဏ်း၏ အကြီးအကဲအဖြစ် ချင်မူသည် အညံ့ခံရာတွင် ပထမဆုံး ဦးဆောင်သူဖြစ်သည်။ ၎င်းမှာ သူတို့ဂိုဏ်းကို လုံးဝအရှက်ကွဲစေခဲ့သည်။

“ဂိုဏ်းချုပ်... ကျုပ်တို့ ချောင်မှာပိတ်ပြီး အရိုက်ခံနေရပါပြီ.... ကန္တာရဓားဂိုဏ်းလည်း အဆုံးသတ်သွားပါပြီ.... အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်မှ ပညာရှိတာပါ... အညံ့ခံလိုက်ကြရအောင်ပါ....”

“ဒီနည်းနဲ့ ကျုပ်တို့အသက်ကို ကယ်နိုင်ဦးမှာပါ...." ချင်မူမှ အကြံပေးလိုက်သည်။

သူတို့၏ အားအကောင်းဆုံး အကြီးအကဲပင် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့ရသည်။ သို့သော် သူတို့အသက်သည် ကြိုးတန်းပေါ်တွင် ရှိနေဆဲဖြစ်သည်။ သူတို့ လူမိုက်များ မဟုတ်ပေ။ အသက်ရှင်သန်နိုင်လျှင် ဘာမဆို လုပ်နိုင်ပေဦးမည်။

"မင်း...." ဝမ်ကျန်းဒေါင် ထိုသို့သာ ပြောနိုင်တော့သည်။ သို့သော် သူနားလည်ပေသည်။ ထို့ကြောင့် မာနကြီးသော အမူအယာများကို ဖယ်ချရန် အချိန်ရောက်ပေပြီ။ သူ့တွင် မည်သည့်အင်အားမျှ မရှိတော့ပေ။

"ကောင်းကင်နှင်းနန်းတော်ကို အညံ့ခံပါတယ်...."

ထိုသို့ပြောလိုက်ချိန်တွင် သူ့နှလုံးသားတွင် အပ်နှင့်ထိုးသလို တဆစ်ဆစ် ခံစားနေရသည်။ သို့သော် သူ့တွင် ငြင်းဆန်ရန် ခွန်အားမရှိတော့သည်ကိုလည်း သဘောပေါက်သည်။ သူ့နှလုံးသားမှာ နာကျင်နေသော်လည်း သူဘာမှ မတတ်နိုင်ပေ။ ဤသည်မှာ သူတို့၏သွေးမျိုးဆက်ကို ထိန်းသိမ်းရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။

ပိုင်အော့ရှန် ထိုလူများ မည်သို့တွေးနေသည်ကို သိသော်လည်း ဂရုမစိုက်ပေ။ သို့သော် ရီချန်းဂျီ၏ အင်ပါယာအဆင့်ညဏ်အလင်းနှင့် အစစ်အမှန်အင်ပါယာစုယွင်တို့လက်အောက်တွင် သူတို့ဂိုဏ်းမှ အင်ပါယာတစ်ပိုင်းအဆင့်များအားလုံး အင်ပါယာအဆင့်သို့ တက်ရောက်ရန် အချိန်သိပ်ယူရတော့မည် မဟုတ်ပေ။ အင်ပါယာပေါင်း တစ်ဒါဇင်ကျော်ရှိသည့် အင်အားစုမှာ အင်ပါယာတစ်ပိုင်းဂိုဏ်းများ ပုန်ကန်ခြင်းကို အဘယ်ကြောင့် ကြောက်ရတော့မည်နည်း။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Tempat cerita menjadi hidup. Temukan sekarang