218

194 13 0
                                    

အခန်း 218- အင်ပါယာနန်းတော်သို့ ဝင်ရောက်ခြင်း

ရှည်လျားသောညသည် ဖြည်းညှင်းစွာ ကုန်ဆုံးသွား၏။

တစ်ညတာ အနားယူပြီးနောက် မိုလင်သည်လည်းပြန်လည်ကောင်းမွန်လာခဲ့သည်။

ရီချန်းဂျီသည် တည်းခိုခန်းအစေခံအား အရသာရှိသော နံနက်စာ ပြင်ဆင်ပေးရန် အထူးတောင်းဆိုခဲ့သည်။ သာမာန်အစာအသောက်များမှာ သူ့ခန္ဓာကိုယ်ကို အာဟာရမဖြစ်စေသော်လည်း အရသာရှိသည့် အစားအစာများမှာ လူကို ပျော်ရွှင်စေနိုင်ပေသည်။

မိုလင်အား သူ ပေးခဲ့သော ဆေးပြားသည် သူမ၏ အခြေခံအုပ်မြစ်ကို ခိုင်မာစေပြီး သူမ၏ ခွန်အားကိုလည်း လုံးဝပြည့်အောင် ဖြည့်တင်းပေးထားခဲ့သည်။

မန်မန်နှင့် မိုလင်တို့သည်လည်း တစ်ယောက်နှစ်တစ်ယောက် ဖော်ရွေစွာ သဟဇာတဖြစ်နေကြပြီး ချစ်စဖွယ်ကောင်းသော အငွေ့အသက်များဖြင့် နံနက်စာ ပြီးဆုံးခဲ့သည်။

ထို့နောက် ရီချန်းဂျီသည် မိုလင်၏ ဝိညာဉ်ချိတ်ဆက်ခြင်းဂူကောင်ကို လက်ခံခဲ့သည်။ သို့သော် ရီချန်းဂျီ၏ ခွန်အားသည် ပြင်းထန်လွန်းလှသည်။

သူသည် သူ့ကိုယ်တွင်းရှိ ဂူကောင်၏ စွမ်းရည်ဖြစ်သော မိုလင်အား သူ့အတွေးများကို ကြားနိုင်စေမည့် စွမ်းရည်ကို တိုက်ရိုက် ပိတ်ဆို့ထားလို့ ရပေသည်။ ယခုတွင် ရီချန်းဂျီကသာ မိုလင်၏ အတွေးများကို နားထောင်နိုင်ပြီး မိုလင်သည် ရီချန်းဂျီ၏ အတွေးများကို နားမထောင်နိုင်ပေ။

"မိုလင်... အခုက မင်းတစ်ယောက်တည်း အင်ပါယာနန်းတော်ထဲကို ဝင်ရမယ်... ပြီးတော့ ဒီလက်စွပ်ထဲက အရာကို အနက်ရှိုင်းဆုံး တားမြစ်နယ်မြေမှာ သွားထားရမယ်...."

ရီချန်းဂျီသည် ထူးဆန်းသောဥကြီးပါရှိသော သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ကာ မိုလင်အား အဆောင်လက်ဖွဲ့နှစ်ခုနှင့်အတူ ပေးလိုက်သည်။

"မင်းလမ်းသိတယ်မဟုတ်လား... တိတ်တိတ်လေး ခိုးဝင်လိုက်..."

‘အာ... ငါက ဘယ်ကို ဝင်ရမှာလဲ... ငါ တိုက်ရိုက်ဝင်လို့ မရဘူးလေ... အဲဒီနေရာကို ဝင်ဖို့ဆိုရင် အဖေတောင် စာရင်းသွင်းရတာကို...'

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now