287

129 12 0
                                    

အခန်း 287- လက်ဝါးချက်တစ်ချက်

သဲကန္တာရဓားဂိုဏ်းမှာ မောက်မာလွန်းပြီး ပိုင်အော့ရှန်ပင် သူတို့ကို သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမ တိုက်ရိုက်ပင် ပြောလိုက်ခြင်း ဖြစ်သည်။

ကန္တာရဓားဂိုဏ်းချုပ်မှာ ရုတ်တရက် ပိုင်အော့ရှန်၏ စကားများကြောင် ကြောင်အသွားပြီး ပြန်မေးလာ၏။

"နင် ဘာပြောလိုက်တာလဲ.... ငါတို့က ဘာလုပ်ရမယ်......”

ပိုင်အော့ရှန်၏ စကားများကိုကြားလျှင် ကန္တရာဓားဂိုဏ်းမှ အခြားအကြီးအကဲများက လှောင်ရယ်ရယ်နေကြသော်လည်း ဝမ်ကျန်းဒေါင် သူတို့ကို တားဆီးလိုက်သည်။

၎င်းမှာ ဟာသတစ်ခုမဟုတ်ပေ။

ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်လာသည့်သူမှာ ရိုးရှင်းသောလူမဟုတ်သည်မှာ ထင်ရှားသည်။ အထူးသဖြင့် ယခုလိုအချိန်မျိုးတွင် ပိုင်အော့ရှန်မှာ ဟာသလုပ်နေမည် မဟုတ်ပေ။ သူ မျက်မှောင်ကြုတ်ကာ ပိုင်အော့ရှန်ကို တခဏမျှ စိုက်ကြည့်နေလိုက်ပြီး အခြားနေရာများကို လှည့်ပတ်ကြည့်လိုက်လျှင် ရုတ်တရက် သူ့အမူအရာ ပြောင်းလဲသွား၏။

သူသိပြီးသားလူများအကြားတွင် တချိန်က ရင်းနှီးခဲ့ဖူးသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

“စုယွင် လား....” ဝမ်ကျန်းဒေါင် မသေချာမရေရာဖြစ်စွာ မေးလိုက်သည်။

ယခုနက သူ့အာရုံမှာ ပိုင်အော့ရှန်အပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်နေခဲ့သည်။ ကောင်းကင်နှင်းနန်းတော်ဘက်မှ အခြားအကြီးအကဲများကို လုံးဝလျစ်လျူရှုထားခဲ့သည်။

ထိုအခိုက်တွင် အကြီးအကဲ စုယွင်ကို ရုတ်တရက် တွေ့လိုက်ရသည်။ သူ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

လွန်ခဲ့သော နှစ်တစ်ရာက သူသည် ကန္တာရဓားဂိုဏ်း၏ ခေါင်းဆောင်မဟုတ်ခဲ့သေးပေ။ သူသည် သူ၏ဆရာသခင်နောက်တွင်သာ လိုက်ပါနေခဲ့ပြီး သူ့ဆရာတိမ်းပါးသွားသည့်အချိန်မှ အာဏာရခဲ့ခြင်း ဖြစ်သည်။ ပေတစ်ထောင်မြင့်သော ချောက်ကမ်းပါးပေါ်မှ စုယွင်ပြုတ်ကျသွားခဲ့သည်ကို သူ ကိုယ်တိုင် တွေ့ခဲ့ရသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now