277

121 6 0
                                    

အခန်း 277- ရှေးဦးချီစွမ်းအင်

ရီချန်းဂျီကို လှမ်းကြည့်ရင်း အကြီးအကဲထျန်းရွှမ်၏ အမူအရာ ပြောင်းလဲသွား၏။

သူမ၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေသည်။

တစ်ချိန်တည်းမှာပင် သူမသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

သူမ၏ ကျင့်ကြံမှုကို ထိန်းသိမ်းနိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။ ထိန်းသိမ်းထားရန် မဖြစ်နိုင်လျှင်လည်း ဘာမှမတတ်နိုင်ပေ။

သူမ ခန္ဓာကိုယ်မှ ပြဿနာများကို ဖြေရှင်းနိုင်သရွေ့ ဒုက္ခဆင်းရဲကို သူမ မကြောက်ပေ။ အောက်ခြေမှ ပြန်စရမည်ဆိုလျှင်လည်း သူမသည် ဘာမျှမသိသည့် အခြေအနေမှ ပြန်လည်စတင်ရမည် မဟုတ်ပေ။ အင်ပါယာတစ်ပိုင်းအဆင့် ညဏ်အလင်းများနှင့် အောက်ခြေမှ ပြန်စရမည်မှာ သိပ်ခက်ခဲမည် မဟုတ်ပေ။

သူမ လုပ်ရမည်မှာ အနည်းငယ် ပိုအားစိုက်ထုတ်ရန်သာ ဖြစ်သည်။ အချိန်တိုအတွင်း သူမ၏ လက်ရှိအနေအထားကို ပြန်ရောက်အောင် ကျင့်ကြံနိုင်မည်ဟု သူမ ယုံကြည်သည်။ ထို့အပြင် သူမ၏ နှစ်မြွှာဖွဲ့စည်းပုံနှင့်အတူ သူမ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပိုမိုအားကောင်းလာမည်ဖြစ်သည်။

ပိုကောင်းသည်မှာ ထိုသို့ဆိုလျှင် သူမသည် အင်ပါယာအဆင့်သို့ပင် တက်ရောက်နိုင်ရန် အလားအလာရှိသည်။ ၎င်းမှာ သူမအတွက် အရေးကြီးဆုံးအရာဖြစ်သည်။

သို့သော် ပိုင်အော့ရှန်မှ ရီချန်းဂျီအား အခြားနည်းရှိလားဟု မေးလျှင် သူ့တွင် အကြီးအကဲထျန်းရွှမ်၏ ခန္ဓာကိုယ်ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းတစ်ခု အမှန်ပင် ရှိနေသည်။

သို့သော် ထိုသို့ဆိုလျှင် သူသည် ခေးအော့စ်မူလစွမ်းအင်အရည်တစ်စက်ကို ပေးဆပ်ရပေမည်။

ထိုအရာသည် မြင့်မြတ်သော ရတနာတစ်ခုဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင် သူသည် မေတ္တာစေတနာအားကောင်းလွန်းသော မြင့်မြတ်သူတစ်ယောက် မဟုတ်သလို ချောမောလှပသော အမျိုးသမီးတစ်ဦးအတွက် အရာအားလုံးပေးဆပ်မည့်သူလည်း မဟုတ်ပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now