313

62 6 0
                                    

အခန်း 313- မုပါ့ထျန်ရောက်လာခြင်း

“မုဝူဖာက အမျိုးသမီးတစ်ယောက်ကို သွားစလို့ အရိုက်ခံနေရတာပါ...” အကြီးအကဲ ချင်ဖန်မှ ပြန်ဖြေ၏။

သူ့လက်အောက်ရှိ ခန်းမထဲတွင် ရုတ်ရုတ်သဲသဲစဖြစ်ကတည်းက အ‌ေစခံတစ်ယောက်သည် အဖြစ်အပျက်တစ်ခုလုံးကို သူ့အား သတင်းပို့ခဲ့ပြီး ဖြစ်သည်။

အစပိုင်းတုန်းက ကြယ်စင်ခန်းမသည် တိုက်ပွဲကို တားမြစ်လိုခဲ့သော်လည်း အမျိုးသမီးတစ်ဦးသည် ဟိုင်ဖန်ကို အနိုင်ယူနိုင်ခဲ့သည်။

ထိုသို့ဆိုလျှင် သူတို့ တားမည် မဟုတ်ပေ။

ပုံမှန်ဆိုလျှင် သူတို့သည် ခန်းမထဲတွင် တိုက်ခိုက်ခြင်းများကို ခွင့်မပြုပေ။ သို့သော် ဤလူသုံးယောက်သည် မုမိသားစု၏ မောက်မာမှုကို အနိုင်ယူနိုင်ခဲ့လျှင် ၎င်းတို့သည်လည်း မုမိသားစုကို မနှစ်သက်သဖြင့် မတားဆီးခဲ့ခြင်း ဖြစ်သည်။

"မုဝူဖာ...."

လျှို့ဝှက်ဆန်းကြယ်သော ခရမ်းရောင်ဝတ် အမျိုးသမီးသည် မျက်မှောင်ကြုတ်သွား၏။

သူမသည် ထိုလူကို အလွန်အမင်း ရွံရှာနေခဲ့သည်။ စာချုပ်ပါ အချက်များကြောင့် မဟုတ်လျှင် သူမသည် ယခင်ကပင် ထိုလူကို တိုက်ရိုက်သတ်ဖြတ်ပြီး ဖြစ်ပေလိမ့်မည်။

သို့သော် သူမကို အံ့သြစေသည်မှာ ဤမြို့တော်တွင် မုမိသားစုကို ဦးမညွှတ်ဘဲ မုဝူဖာကိုပင် ရိုက်နှက်ရဲသည့် သူတစ်ယောက်ရှိနေသည်။

၎င်းမှာ သူမကို ချက်ခြင်းစိတ်ဝင်စားသွားစေသည်။

အကြီးအကဲချင်ဖန်သည် ထိုသူတို့၏အမုအရာများကို စောင့်ကြည့်လေ့လာခဲ့ပြီး လူသုံးဦး၏အသွင်အပြင်ကို ပုံရိပ်ကျောက်တုံးဖြင့် မှတ်တမ်းတင်ထားခဲ့သည်။

ထို့နောက် ဤခရမ်းရောင်ဝတ်အမျိုးသမီးအား လာပြနေခြင်း ဖြစ်သည်။ ခရမ်းရောင်အမျိုးသမီးမှာ လူနှစ်ဦး၏အသွင်အပြင်ကြောင့် ဆွဲဆောင်ခံခဲ့ရသည်။

နင်းမန်မန်းနှင့် ပိုင်အော့ရှန်တို့ နှစ်ယောက်လုံးမှာ အလွန်အမင်းကို လှပကြပေသည်။ သူမနှင့် နှိုင်းယှဥ်လျှင်ပင် နိမ့်ကျမည်မဟုတ်ပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now