အခန်း 232- တာအိုနှလုံးသား
ရီချန်းဂျီသည် သူတို့၏ စူးစမ်းလိုသော အမူအရာများကို ကြည့်ရင်း ပြုံးသာပြလိုက်သည်။ သူဘာမှမပြောတော့ပေ။ထိုအချင်းအရာမှာ ထိုလူများအား စူးစမ်းလိုစိတ်ဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
ရီချန်းဂျီ၏ မထုံတက်သေးအမူအယာကြောင့် ထိုလူများမှာ သိချင်စိတ်များပျောက်မသွားသည့်အပြင် ပို၍ပင် သိချင်လာကြသည်။ သူတို့ လီမန်ကို ကြည့်လိုက်ကြသည်။ သူတို့သည် လီမန် မှတဆင့် ရီချန်းဂျီနှင့်ပတ်သက်သော အချက်အလက်များကို ရှာဖွေရန် ကြိုးစားနေသည်မှာ ထင်ရှားပေသည်။
လီမန်မှာ ရီချန်းဂျီ၏အသက်ကို ကယ်တင်ခဲ့သူ ဖြစ်ပြီး သူတို့၏ဆက်ဆံရေးမှာ အကောင်းဆုံးဖြစ်သည်။ လီမန်မေးလျှင် ရလောက်မည်ဟု ထင်ထားကြလေသည်။
၎င်းမှာလည်း ရီချန်းဂျီ၏ မျက်စိများအောက်မှ မလွတ်နိုင်ပေ။ သို့သော် သူကတော့ မည်သို့မျှ အပြစ်မတင်ပေ။
ဤကုန်းမြေတွင် သူ၏ ခွန်အားမျှ ရှိသောသူမှာ လက်ချိုးရေ၍ ရပေမည်။ ထို့ကြောင့် သူ့အား မည်သူနည်း ဘယ်လိုဒီနေရာကိုရောက်နေသနည်းဆိုသည်မှာ လူတိုင်းသိချင်ကြမည့် ကိစ္စသာ ဖြစ်သည်။
ထို့အပြင် ရီချန်းဂျီသည် အစကတည်းက ဖုံးကွယ်ထားရန်လည်း မစဉ်းစားခဲ့ပေ။ ထိုသူတို့က မမေးခဲ့ကြခြင်းသာ ဖြစ်သည်။ ယခင်ကတည်းက သူ့အဆင့်အတန်းကို ထုတ်ပြောခဲ့လျှင်လည်း မည်သူမျှ ယုံမည် မဟုတ်ပေ။
သူ ထုတ်ဖော်မပြောလည်း တစ်ချိန်ချိန်တွင် သူတို့ သိသွားပေလိမ့်မည်။
လီမန်မှာ သူ့အဖွဲ့မှ လူများ၏ အကြည့်များ၏ ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။
ရှက်ကိုးရှက်ကန်းနှင့် သူ့လက်များကို ပွတ်သပ်ရင်း ရီချန်းဂျီအား ခေါ်လိုက်သည်။
“အစ်ကိုကြီးရီ...”
သူစကားမဆုံးခင် ရီချန်းဂျီ သူ့ကို တားလိုက်သည်။
“အစ်ကိုလီ... မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်စရာမလိုပါဘူး...” ရီချန်းဂျီ အမြန်တားလိုက်သည်။