225

202 13 0
                                    

အခန်း 225- ထူးဆန်းသောအစီအရင်

ထူထပ်သိပ်သည်းလွန်းသော ဟင်းလင်းပြင်အော်ရာများ ထုတ်လွှတ်နေသည့် အပေါက်ကို မြင်လိုက်ရလျှင် ရီချန်းဂျီ တုံ့ဆိုင်းမနေဘဲ အထဲသို့ ထိုးဆင်းသွားခဲ့လိုက်သည်။

သူ့နောက်မှ သံကြိုးများမှာ အရှိန်မြှင့်ကာ လိုက်ဖမ်းနေသော်လည်း သူ့ကို မမိနိုင်တော့ပေ။

သူ အပြင်ရောက်လာသည်နှင့် ပထမဆုံး မြင်လိုက်ရသူမှာ အနက်ရောင် အသားအရေနှင့် လူဖြစ်သည်။ ထိုလူမှာ သူထွက်လာသည်ကိုမြင်လျှင် ပြုံးပြကာ နှုတ်ဆက်လိုက်၏။

"အိုး... မင်း ထွက်လာပြီပဲ... ဘယ်လိုလဲ အထဲမှာ ပျော်ခဲ့ရဲ့လား..."

ရီချန်းဂျီ သူ့အား လျစ်လျူရှုထားလိုက်ပြီး နင်းမန်မန်နှင့် မိုလင်ကို လိုက်ရှာသည်။

မူလက ဝိညာဉ်အရည်များနှင့် ပြည့်နေသော ရေကန်သည် ခမ်းခြောက်နေပြီး စိုစွတ်သော မြစ်ကြမ်းပြင်ကို ထွက်ပေါ်နေစေသည်။

စိုစွတ်နေသော မြစ်ကြမ်းပြင်တွင် ထူးဆန်းသော အနက်ရောင် ရေမှော်ပင်များဖြင့် ပြည့်နေ၏။

သေသေချာချာကြည့်လိုက်မှ မြစ်ကြမ်းပြင်ပေါ်တွင်  ထူးဆန်းသည့် အစီအရင်တစ်ခုလို ဖြစ်နေသည့် အက်ကြောင်းကို မြင်လိုက်ရသည်။

သို့သော် ရီချန်းဂျီမှာ ၎င်းကို သတိမထားမိ။ မြစ်ကြမ်းပြင် ရေအပင်များ ပေါက်နေခြင်းနှင့် ဝိညာဉ်ရည်များ ခမ်းခြောက်လာသဖြင့် အက်ကွဲနေသည်မှာ ပုံမှန်ပဲဟု သူ ထင်နေခဲ့သည်။

ခဏကြာမှ ထိုအရာနှစ်ခုမှ တချိန်တည်း အတူတကွ ရှိမနေသင့်ဟု သူ သတိထားမိလိုက်သည်။

အောက်မှ မြေသားပင် အက်ကွဲရလောက်အောင် ရေမရှိလျှင် မြက်တွေလည်း သေရပေမည်။ ‌‌အက်ကွဲနေသော မြေသားပေါ်တွင်လည်း ရေမှော်များ ပေါက်နိုင်စရာ မရှိ။

ကြည့်နေရင်းမှ ထို အစီအရက်သည် အနက်ရောင် နေမင်း၏ စွမ်းအင်ရစ်မြစ်ဖြစ်နိုင်သည်ကို ရီချန်းဂျီ တွေးမိသွားသည်။ ထို ရေမှော်ပင်များမှာ ယခုနက သံကြိုးများ ဖြစ်ပေမည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now