267

139 9 0
                                    

အခန်း 267- ထောက်ထျဲ့သားရဲလွတ်မြောက်ခြင်း

"နန်းတော်သခင် ဒါက ဖြေရှင်းချက် မဟုတ်ဘူး…" အကြီးအကဲတစ်ယောက်မှ သူ့ခေါင်းပေါ်က ချွေးများကို သုတ်ရင်း ပြောလိုက်သည်။

“သားရဲရဲ့ ခွန်အားက ပိုအားကောင်းလာနေတယ်... လက်ရှိအခြေအနေအပေါ်အခြေခံပြီးပြောရရင် အစီအရင် လုံးဝ မပြိုကျဖို့ အများဆုံး တစ်လခွဲလောက်ပဲ ထိန်းထားနိုင်တော့မယ်....”

"အစီအရင်ကို အားဖြည့်ပြုပြင်ပေးဖို့ သူတော်စင်အဆင့် အစီအရင်သခင်တစ်ပါး ရှာမတွေ့နိုင်ရင် ကျုပ်တို့တော့...."

အကြီးအကဲတစ်ဦး၏ စကားများအပြီးတွင် အားလုံး တိတ်ဆိတ်သွားကြတော့သည်။

ဤကမ္ဘာကြီးတွင် သူတော်စင်တစ်ပိုင်းအဆင့် အစီအရင်သခင်များပင်လျှင် ရှားပါးလှရာ သူတော်စင်အဆင့် အစီအရင်သခင်ဆိုလျှင် မရှိလောက်အောင်ပင် ရှားပါးပေလိမ့်မည်။

ထို့အပြင် သူတော်စင်အဆင့် အစီအရင်သခင်ကိုတွေ့နိုင်လျှင်ပင် ၎င်းတို့အား ဖိတ်ခေါ်ရန် သူတို့တွင် အရည်အချင်းမရှိပေ။

အခြေအနေမှာ သေခြင်းတွင်သာ အဆုံးသတ်တော့မည်ဟု ပြနေတော့သည်။

"ရှင်တို့ အကြီးအကဲချူးကို ဆက်သွယ်ထားသေးလား...."

ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် လူအုပ်အလယ်တွင် အားကောင်းသော အော်ရာများဖြင့် ထွက်ပေါ်လာ၏။

သူမသည် ကောင်းကင်နှင်းနန်းတော်၏ နန်းတော်သခင်မ ပိုင်အော့ရှန် ဖြစ်ပြီး အင်ပါယာတစ်ပိုင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသူ ဖြစ်သည်။

ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒအော်ရာများကို ကြည့်လိုက်မိလျှင် သူမ၏ အကြည့်များမှာ လေးနက်သွားကာ သူမ၏ မျက်ခုံးများကို တင်းတင်းကျပ်ကျပ် ကျုံ့သွားမိစေသည်။ ဤအခြေအနေအား ပြန်လည်ကောင်းမွန်အောင် ကိုင်တွယ်နိုင်သည့်အရည်အချင်း သူတို့တွင် မရှိတော့သည်မှာ ထင်ရှားပေသည်။

“ကျုပ် ဒီကအခြေအနေကို အကြီးအကဲချူးဆီကို သတင်းပို့ဖို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားခြင်း မရှိပါဘူး...”

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now