282

122 9 0
                                    

အခန်း 282- အင်ပါယာအဆင့်သို့တက်ရောက်ခြင်းဖြစ်စဉ်

“စီနီယာ တကယ် ပြောတာလား....” အကြီးအကဲ စုယွင် ယုံရခက်စွာမေးလိုက်သည်။

သူမသည် သူမ၏ ခန္ဓာကိုယ်တွင်းမှ အသက်စွမ်းအင်များကို အများအပြား အသုံးပြုခဲ့ပြီး ဖြစ်သည်။ ယခုအချိန်မှ သူမ၏ ကျင့်ကြံမှုကို တိုးမြှင့်လိုက်လျှင်ပင် သူမ၏ခန္ဓာကိုယ်မှ အသက်စွမ်းအားများ စီးထွက်နေမှုကို တားဆီးနိုင်မည် မဟုတ်တော့ပေ။

သူမသည် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။

ယခုတော့ ရီချန်းဂျီမှာ သူမ၏ ခန္ဓာကိုယ်ထဲမှ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ပြောနေခဲ့သည်။

၎င်းမှာ သူမကို အလွန်စိတ်လှုပ်ရှားနေခဲ့စေသည်။

နောက်ဆုံးတော့ မည်သူမဆို အသက်ရှင်သန်နိုင်လျှင် မည်သူမှ မသေချင်ကြသေးပေ။

ထိုအချက်ကို တွေးတောရင်း အကြီးအကဲ စုယွင်မှာ သူမ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ရီချန်းဂျီကို လေးလေးနက်နက် ဦးညွှတ်လိုက်တော့သည်။

“မင်းရဲ့ စိတ်ဝိညာဉ်ကို ဖွင့်ထား... တားဆီးမထားနဲ့...!”

ရီချန်းဂျီသည် ဝိညာဉ်စွမ်းအင် အရည်တစ်စက်ကို ထုတ်ယူလိုက်သည်။ ၎င်းသည် ယခင်က အကြီးအကဲ ထျန်းရွှမ်ကို ကုသပေးခဲ့သော ခေးအော့စွမ်းအင်အရည်ပင်ဖြစ်သည်။

ကမ္ဘာပေါ်မှ အရာအားလုံး.... သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကိုပင် ဖရိုဖရဲဖြစ်တည်ခြင်းစွမ်းအင် (ခေးအော့စ်စွမ်းအင်) နှင့် ခွဲခြား၍ မရနိုင်ပေ။

၎င်းသည် တာအိုဒဏ်ရာများကို ကုသပေးနိုင်ရုံသာမက လူ့ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်ကိုလည်း ပြန်လည်တိုးမြင့်စေနိုင်သည်။ ထိုစွမ်းအင်နှင့်ဆိုလျှင် သေခါနီးဆဲဆဲမှာပင် တက်ကြွမှုအပြည့်နှင့် ချက်ချင်းထထိုင်နိုင်သည်။

ဤသည်မှာ ဖရိုဖရဲဖြစ်တည်ခြင်း မူလစွမ်းအင်၏ ခွန်အားပင် ဖြစ်သည်။

တကယ်တမ်းတွင် ထိုစွမ်းအင်တွင် လုပ်ဆောင်နိုင်သည့် အကျိုးကျေးဇူးများ များစွာ ရှိသည်။ တကယ်ကို ရှားပါးသော ကောင်းကင်ဝိညာဉ်ရတနာဖြစ်၏။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now