283

119 9 0
                                    

အခန်း 283- ကောင်းကင်နှင်းနန်းတော်၏တားမြစ်နယ်မြေ

ပိုင်အော့ရှန်နှင့် တခြားသူများ တိမ်တိုက်နှလုံးသားနန်းတော်သို့ ရောက်ရှိလာကြပြီး အလင်းရောင်များ ဖြာထွက်နေသည့်လူကို တွေ့လိုက်သည့်အခါ အားလုံး အံ့ဩသွားကြသည်။

‘ဒါက... အကြီးအကဲ စုယွင် လား....’

သူတို့ အနည်းငယ် အံ့ဩသွားကြသည်။ ၎င်းမှာ မည်သို့ ဖြစ်နိုင်မည်နည်း။

လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က အပျက်အစီးနယ်မြေတစ်ခုထဲတွင် ထိုအကြီးအကဲသည် ကန္တာရဓားဂိုဏ်း၏ လိုက်လံဖမ်းဆီးခြင်းကို တားဆီးရန်အတွက် အသက်ပေးခဲ့ရသည်။

ဤသည်မှာ ကန္တာရဓားဂိုဏ်းမှ သတင်းဖြစ်သည်။

သူတို့ မယုံချင်ခဲ့ကြပေ။ သို့သော် ဆယ်စုနှစ်နှင့်ချီအောင် စုံစမ်းခဲ့ကြသော်လည်း နောက်ဆုံး ဘာမှမတွေ့ခဲ့ရသဖြင့် သူတို့ လက်လျှော့ကာ လက်ခံခဲ့ကြရသည်။

ယခုတော့ ထိုအကြီးအကဲသည် သူတို့ရှေ့တွင် မထိမခိုက် မတ်တပ်ရပ်နေ၏။ ထိုမြင်ကွင်းမှာ သူတို့အား မတုန်လှုပ်ပဲမနေနိုင်စေပေ။

ထို့အပြင် အကြီးအကဲ၏ အရှိန်အဝါကိုကြည့်ရလျှင် သူမတွင် လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတို့ ရှိနေသည်ကို သတိပြုမိကြသည်။ သူမသည် ယခု အင်ပါယာ ဖြစ်နေခဲ့လေပြီ။

သို့ဆိုလျှင် ယခုနက အင်ပါယာအဆင့်ဖြတ်ကျော်ခြင်း၏ ဖြစ်စဥ်များ ဖြစ်ပေါ်လာခြင်းမှာ ထိုအကြီးအကဲ စုယွင် အင်ပါယာအဆင့်သို့ တက်ရောက်ခြင်း ဖြစ်မည်လော။

ပိုင်အော့ရှန်အပါအဝင် အကြီးအကဲများအားလုံး အံ့ဩနေကြသည်။ သူတို့မြင်နေရသည်ကို မယုံနိုင်ပေ။ အိပ်မက်မက်နေသလိုပင် ထင်နေရလေသည်။

"ဘာလဲ... နင်တို့ ငါ့ကိုတောင် မမှတ်မိကြတော့ဘူးလား..." အကြီးအကဲ စုယွင် ဖြည်းညှင်းစွာ လှည့်ကြည့်ကာ မေးလိုက်သည်။

အမှန်တကယ် အကြီးအကဲစုယွင်ဖြစ်ကြောင်း အတည်ပြုပြီးနောက် ရောက်လာကြသည့် လူအားလုံး အံ့သြတကြီး အော်ဟစ်လိုက်ကြသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now