258

150 10 0
                                    

အခန်း 258- ခေးအော့စ်မီးတောက်ဝိညာဉ်ပုလဲ

ရီချန်းဂျီသည် ချူးယွဲ့လီနှင့် လုယန်ချီတို့၏ မယုံကြည်နိုင်သော သံသယဖြစ်နေသော အမူအရာများကို မြင်နေရသည်။

ထိုကဲ့သို့ ပြောင်းလဲခြင်းမှာ မဖြစ်နိုင်ဟူသည်ကိုလည်း သူ သဘောပေါက်သည်။

သူ့ တပည့်များကို သူကိုယ်တိုင် ထိုသို့စွမ်းရည်မျိုး ကမ္ဘာပေါ်တွင် ရှိနေသည်ဟုပြောစဥ်က ယုံကြည်ရန် ခက်ခဲခဲ့ကြသည်သာ ဖြစ်သည်။

သို့ရာတွင် သူတို့၏ အစ်ကိုအကြီးဆုံးသည် ရှေးဦးနတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသောအခါမှ ၎င်းတို့ အလွန်တုန်လှုပ်သွားပြီး ထိုသို့သော စွမ်းရည်မျိုး ရှိနေကြောင်း ထင်ရှားသွားသည်။

ကိစ္စမရှိပေ။ အခြားသူများ မည်သို့ပင် ထင်မြင်နေပါစေ နင်းမန်မန်း၏ ခန္ဓာကိုယ်ကို ပြောင်းလဲပြပြီး ဤကမ္ဘာပေါ်တွင် မဖြစ်နိုင်သည့်အရာ မရှိသည်ကို လက်တွေ့ပြသနိုင်လျှင် အားလုံး လက်ခံ ယုံကြည်ကြရမည်သာ ဖြစ်သည်။

သူတို့ထက် သာလွန်သူတစ်ယောက် အမြဲရှိနေခဲ့သည်။

သူတို့ မမြင်မတွေ့မကြားဖူးရုံနှင့် ထိုအရာမှာ မရှိဟု မသတ်မှတ်နိုင်ကြောင်းကို သင်ပြပေးရမည်။

ထို့နောက် ရီချန်းဂျီ၏ ဦးဆောင်မှုဖြင့် သူတို့သည် တောင်ထိပ်တစ်ခုသို့ ရောက်လာခဲ့ကြသည်။

သူတို့ရှေ့မှ တောင်မှာ ပေပေါင်း သောင်းနှင့်ချီကာ မြင့်မားသည်။ အနားမရောက်ခင်မှာပင် သူတို့ဆီ လွင့်ပျံလာသည့် အပူလှိုင်းများကို ခံစားနေရသည်။ ဤနေရာမှ အပူချိန်သည် အခြားနေရာများထက် နှစ်ရာဒီဂရီမျှ ပိုမြင့်နိုင်ပေသည်။

သာမန်လူတစ်ယောက် ဤနေရာကို ရောက်လာလျှင် ချက်ချင်း မီးဖုတ်ခံရပြီးသား ဖြစ်သွားလိမ့်မည်။

သို့သော်လည်း သူတို့အားလုံးသည် သူတို့၏ ကျင့်ကြံမှုများ၏ အကာအကွယ်ကို ရရှိထားသောကြောင့် ဤအပူချိန်အနည်းငယ်သည် သူတို့အတွက် ခံနိုင်ရည်ရှိနေဆဲဖြစ်သည်။ ချူးယွဲ့လီသာ အနည်းငယ် ခက်ခဲနေခဲ့ရသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now