295

138 11 0
                                    

အခန်း 295- ကျွန်မလိုက်ခဲ့ချင်တယ်

အ‌နောက်ဖက်အရပ်တွင် နေလုံးကြီး ပျောက်ကွယ်သွားပြိးနောက် လရောင်သည် ထွန်းလင်းလာ၏။ ကောင်းကင်တွင် ကြယ်လေးများကလည်း တလက်လက်နှင့် ရှိနေသည်။

ရီချန်းဂျီသည် ခြံဝင်းအတွင်းရှိ ကျောက်ခုံတန်းတစ်ခုပေါ်တွင်ထိုင်ကာ ကောင်းကင်မှ လပြည့်ဝန်းကြီးကို ကြည့်နေမိသည်။ ထို့နောက် သက်ပြင်းခပ်လေးလေးတစ်ချက်ကိုသာ ချလိုက်မိသည်။

"ဆရာ ဘာဖြစ်လို့လဲ..." နင်းမန်မန်းက သူ့နောက်ဖက်မှ လျှောက်လာပြီး ကျောက်ခုံတန်းမှာ ဝင်ထိုင်လိုက်သည်။

“ငါ့ကမ္ဘာကနေ ငါထွက်လာခဲ့တာ ကြာလှပြီ.... မင်းရဲ့ စီနီယာအကိုအစ်မတွေ အဆင်မှပြေပါ့မလားလို့ ငါ တွေးမိသွားလို့...”

"ဟမ်... သူတို့က ဘာဖြစ်နိုင်မှာမလို့လဲ.... သူတို့ဟာသူတို့ ဂိုဏ်းထဲမှာ လေ့ကျင့်နေတာပဲ ဖြစ်ဖြစ်... သူတို့ရဲ့ ခွန်အားကို စမ်းသပ်ဖို့ နေရာ အသီးသီးကို ခရီးသွားနေတာ ဖြစ်ဖြစ်... အဆင်ပြေမှာပါ...”

သူ့အကိုအစ်မများအားလုံးမှာ သူ့ဆရာပြောသည့်အတိုင်းဆိုလျှင် ကျင့်ကြံခြင်းတွင် အရူးများ ဖြစ်ကြသည်။ သူတို့ဆရာ အနားမှာ မရှီလျှင်ပင် ကျင့်ကြံခြင်းတွင် မေ့လျော့နေမည့်သူများ မပါဟု သူမ ထင်သည်။ ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျင့်ကြံခြင်းအပြင် လက်တွေ့တိုက်ခိုက်ရေးများ ကြုံရမှလည်း ပိုမိုလျှင်မြန်စွာ တိုးတက်နိုင်သည်။

တိုက်ပွဲဝင်သည့်နည်းလမ်းမှာ မိမိအင်အားကို လျင်မြန်စွာ တိုးမြင့်စေပြီး ကျင့်ကြံခြင်းနယ်ပယ်ကို တည်ငြိမ်အောင်ပြုလုပ်ပေးနိုင်သည်။ လက်တွေ့တိုက်ခိုက်ခြင်းနည်းလမ်းများထက် ကျင့်ကြံသူတစ်ဦးကို အထောက်အကူပေးနိုင်သည့်အရာ မရှိပေ။

နင်းမန်မန်းပြောနေစဉ်တွင် သူမဆရာ၏မျက်နှာတွင် စိုးရိမ်ပူပန်မှု အချို့ရှိနေသည်ကို ရုတ်တရက် သတိပြုမိသည်။ သူမပြောနေသည်ကို ဂရုမစိုက်ဘဲ ကောင်းကင်တွင် တောက်ပနေသည့် လကြီးကိုသာ ကြည့်နေလေသည်။ ထိုအခါမှ နင်းမန်မန်း တစ်စုံတစ်ခုအား တွေးမိပြီး ပြောလိုက်သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Kde žijí příběhy. Začni objevovat