222

179 13 0
                                    

အခန်း 222- မိုမိသားစု၏အကြီးအကဲ

ဓားကို လှမ်းယူပြီး မိုဝူကို ခုတ်ပြီး မိုဝမ်ကို ခုတ်လိုက်သည့်အချိန်တွင်ပင် နန်းတော်၏ တစ်ဖက်ခြမ်းရှိ တည်နေရာကူးပြောင်းခြင်းဝင်္ကပါသည် ရုတ်တရက် တောက်ပသော အလင်းရောင်ဖြင့် ထွန်းလင်းလာ၏။

တစ်ယောက်ယောက် လာနေလေပြီ။

ရီချန်းဂျီ တချက်ကြည့်လိုက်သည်။ ဤမျှသိပ်သည်းသော ဟင်းလင်းပြင်‌စွမ်းအင်လှိုင်းများဖြင့် ၎င်းသည် အထက်ကမ္ဘာမှ တစ်စုံတစ်ယောက်ဖြစ်ရပေမည်။

ကမ္ဘာတစ်ခုတည်းမှ တည်နေရာကူးပြောင်းလာသည်ဆိုလျှင် ထိုကဲ့သို့ ပြင်းထန်သော ဟင်းလင်းပြင် စွမ်းအင်လှိုင်းများကို ဖြစ်စေရန် မဖြစ်နိုင်ပေ။

ဟင်းလင်းပြင်စွမ်းအင်လှိုင်းများ ငြိမ်သက်မသွားမီ အလင်းရောင်များ ပျောက်ကွယ်မသွားမီ ထိုလူ၏ အသံသည် ထွက်လာနေပြီ ဖြစ်သည်။

ထို့နောက် သူမ၏မုန်းတီးမှုကို ဖြေဖျောက်စေရန် မိုဝူတို့အား တိုက်ခိုက်နေသော နင်မန်မန်းဆီသို့ ကြီးကျယ်ခမ်းနားသော အော်ရာတစ်ခု ကျရောက်လာ၏။

၎င်းသည် နတ်ဘုရားနယ်ပယ်၏ ခွန်အားဖြစ်ပြီး နင်းမန်မန်းသည် ၎င်းကို လုံးဝခံနိုင်မည် မဟုတ်ပေ။

ခုခံကာကွယ်နိုင်သော နတ်ဘုရားအဆင့် လက်နက်များ မရှိလျှင် နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်ချက်တစ်ချက်မှာ အင်ပါယာအဆင့်အောက်မှ မည်သည့်အဆင့်ကိုမဆို တစ်ချက်တည်းနှင့် သေစေနိုင်သည်။

အင်ပါယာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်ပင်လျှင် နောက်တစ်ချက် တိုက်ခိုက်ခံရလျှင် ရှင်သန်နိုင်မည်မဟုတ်ပေ။

ရီချန်းဂျီလည်း အမြန်လှုပ်ရှားလိုက်ပြီး ထိုအော်ရာကို တားဆီးလိုက်သည်။

တိုက်ခိုက်မှုကို တားဆီးပြီးနောက် တားမြစ်နယ်မြေအဝင်ဝတွင် ပုံရိပ်တစ်ခု ပေါ်လာ၏။

"ဘယ်သူက ငါ မိုထျန်အရှေ့မှာ ငါ့သားတွေကို သတ်ရဲသလဲ...."

အဘိုးအို၏ အသံသည် အလွန် ကျက်သရေအရှိန်အဝါနှင့် ပြည့်စုံလှသည်။ အကြည့်တစ်ချက်ဖြင့် သူသည် နှစ်ပေါင်းများစွာ အဆင့်အတန်းမြင့်သူတစ်ဦးဖြစ်ခဲ့ကြောင်း ပြောနိုင်သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now