223

187 14 0
                                    

အခန်း 223- လူသားတောင်တန်းတံဆိပ်တုံးရင့်ကျက်ခြင်း

ဝိညာဉ်စမ်းချောင်းလေးဘေးတွင် ရီချန်းဂျီ ထွက်ပြေးနေခဲ့၏။ သူ့နောက်တွင် နင်းမန်မန်းမှာ သူ့အရပ်တမျှရှိသည့် ဓားကို ကိုင်ကာ လိုက်နေခဲ့လေသည်။

စမ်းချောင်းလေးရှိနေရာ နန်းတော် အတွင်းပိုင်းမှာ အထူးပြုပြင်ထားသဖြင့် ကောင်းကင်ကို တိုက်ရိုက်မြင်နေရလေသည်။

နေရောင်အောက်တွင် ပြေးခြင်းသည် ဟိုးအချိန်ကတည်းက နင်းမန်မန်း မရနိုင်တော့သော ငယ်ဘဝ ဖြစ်သည်။

ရီချန်းဂျီကို အချိန်အတန်ကြာ လိုက်နေခဲ့ပြီး မမီနိုင်တော့သည့်နောက်တွင် မန်မန်းသည် ဝိညာဉ်စမ်းချောင်းဘေးနားတွင် ထိုင်ချလိုက်ပြီး သူမ၏လက်ပေါ်ရှိ သွေးများကို ဆေးကြောနေတော့သည်။

ထိုအချိန်တွင် နင်းမန်မန်းသည် သူမ၏ ပုံမှန် ငယ်ရွယ်သော မိန်းကလေးပုံစံဖြစ်နေလေသည်။

"အင်း... အဖွား ကျွန်မကို အပြစ်တင်နေမှာလား..."

မန်မန်းသည် စမ်းချောင်းဘေးတွင် ထိုင်ကာ ကောင်းကင်ကို မော့ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

"မဟုတ်ဘူး... သူမသာ မင်းအနားမှာရှိနေရင် မင်းကို ဓားတစ်ချောင်းကမ်းပေးနေလိမ့်မယ်... ငါ့လိုပေါ့..."

ရီချန်းဂျီလည်း သူမဘေးနားဝင်ထိုင်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

နေရောင်အောက်တွင် တလက်လက်တောက်ပနေသော စမ်းချောင်းနံဘေးတွင် ရီချန်းဂျီနှင့် နင်းမန်မန်းတို့သည် အကိုကြီးနှင့် ညီမငယ်ကဲ့သို့ အတူထိုင်နေကြ၏။

သိပ်မကြာခင်မှာပင် မိုလင်လည်း လမ်းလျှောက်လိုက်လာပြီး ရီချန်းဂျီ၏ တစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။

ရုတ်တရက် နင်းမန်မန်းသည် ရီချန်းဂျီ လက်ကိုဖမ်းကာ ကိုက်လိုက်လေသည်။

"သူမက ရှင့်ကို ကိုက်ခိုင်းတာ..." နင်းမန်မန်း ဘေးသို့ရောက်လာသည့် မိုလင်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

မန်မန်း၏ မျက်လုံးများသည် ကြီးမားဝိုင်းစက်နေပြီး သူမ၏ မျက်လုံးများသည် အလွန်ဖြူစင်နေသောကြောင့် လူအများမှာ သူမကို ပထမဆုံးမြင်လျှင် ချစ်ကြသည်ချည်းသာ ဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now