263

158 11 0
                                    

အခန်း 263- မဟာတာအိုနတ်ဘုရားလက်သီး

သို့သော် ခဏကြာလျှင် အားလုံးမှာ ထိတ်လန့်စွာနှင့် မျက်လုံးများ ပြူးကြည့်လိုက်မိကြသည်။

အနက်ရောင်လျှပ်စီးကြောင်းသည် ရီချန်းဂျီ အနီးသို့ပင် ရောက်မလာမီကတည်းက ၎င်းသည် အပိုင်းပိုင်းကွဲအက်သွားပြီး ပြန့်ကျဲသွားသော စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ပတ်ဝန်းကျင်သည် ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

"အင်ပါယာအဆင့်က ဘယ်လောက်ကြောက်စရာ ကောင်းလိုက်လဲ..."

“ဒါဟာ အရင်လို အဆင့်တက်ကပ်ဘေးရဲ့ လျှပ်စီးကြောင်းတောင် မဟုတ်ဘူး... ဒါက ကမ္ဘာကြီးကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ လျှပ်စီးပဲ... အရင်က လျှပ်စီးတွေထက် အဆပေါင်း ရာနဲ့ချီ ပိုပြင်းထန်ပေမယ့် အင်ပါယာရှေ့မှာ ဒီအတိုင်း ပျောက်သွားတယ်....”

"ဒါဆို ငါတို့ တကယ် ရှင်သန်နိုင်ဦးမှာပေါ့..."

"စောင့်ကြည့်ပါဦး... ဒါက ပထမအချီပဲရှိသေးတာလေ.... ကောင်းကင်တာအိုက ဒီလောက် ပျော့ညံ့မှာ မဟုတ်ဘူးလို့ ခံစားရတာပဲ...”

လူတိုင်းမှာ မလှုပ်ရှားနိုင်လောက်အောင် ဖိနှိပ်ခံနေခဲ့ရသော်လည်း စကားပြောဆိုနိုင်ဆဲဖြစ်သည်။

အားလုံးမှာ သူတို့ရှေ့မှ ဝတ်ရုံနက်နှင့် လူငယ်ကို စိုက်ကြည့်နေမိကြသည်။ သူ့၏ ပုံရိပ်မှာ ကောင်းကင်တာအိုနှင့် ယှဉ်လျှင် အလွန်သေးငယ်သော်လည်း လူတိုင်း၏ အမြင်မှာတော့ သူ့မှာ နှိုင်းယှဉ်လို့မရလောက်အောင် မြင့်မားပြီး သန်မာနေခဲ့သည်။

"မင်းလည်း ငါ့ဆီက လက်သီးချက်တစ်ချက်ကို ခံနိုင်ဖို့ ကြိုးစားသင့်တယ်...!" ရီချန်းဂျီ၏ ရှည်လျားသောဆံပင်များသည် လေထဲတွင် လွင့်ဝဲနေပြီး သူ၏အော်ရာမှာ နေရာတစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

ထို့နောက် သူ၏ညာလက်ကို မြှောက်လိုက်ရာ ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး တောက်ပသောအလင်းရောင်တစ်ခု ပေါက်ကွဲထွက်လာလေသည်။

သူသည် ကောင်းကင်တာအိုထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြီး ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now