260

161 12 0
                                    

အခန်း 260- နတ်ဘုရားသားရဲလေးကောင်ပဲ့တင်ထပ်ခြင်း

ထိုအချိန်တွင် နင်းမန်မန်းမှာ စိတ်ကူးပင် မယဥ်နိုင်လောက်သော နာကျင်မှုကို ခံစားနေရ၏။

သူမ၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ဖျက်စီးခံနေရပြီး အဆက်မပြတ် ပြန်လည်တည်ဆောက်ခံနေရသည်။ သာမာန်လူသာဆိုလျှင် သေနေသည်မှာ ကြာခဲ့ပေလိမ့်မည်။

ပြင်းထန်သော နာကျင်မှုသည် သူမ၏ နှလုံးသားထဲထိ အဆက်မပြတ် ပျံ့နှံ့သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့် တုန်ခါနေစေ၏။

သို့သော် သူမ နောက်မဆုတ်ခဲ့ပေ။ အံကိုသာ တင်းတင်းကြိတ်ကာ စိတ်ရှည်စွာ သည်းခံနေခဲ့သည်။

တစ်ချိန်တည်းမှာပင် မူလဝိညာဥ်ချီစွမ်းအင်များသည် သူမ၏ အရိုးများကို ဆက်လက်အာဟာရဖြည့်ပေးပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ပေးနေသည်။

အချိန်ကြာလာသည်နှင့်အမျှ သူမခန္ဓာကိုယ်မှ ထွက်နေသော ရှေးဟောင်းအော်ရာသည်လည်း ပို၍ ပို၍ ထူထပ်လာနေသည်။ နောက်ဆုံးတွင် ထိုအော်ရာမှာ မီးကန်ထဲမှ ကောင်းကင်သို့ထိုးတက်သွားအောင် ထူထပ်နေလေတော့သည်။

“ဒီအော်ရာ...”

ရီချန်းဂျီမှာ မည်သို့မျှ မထူးခြားသော်လည်း ဘေးမှ ချူးယွဲ့လီမှာမူ ပါးစပ်အ‌ဟောင်းသားနှင့် ကိုးရိုးကားယားသာ ဖြစ်နေတော့သည်။

ရိုးရှင်းပြီး ဆန်းပြားမှုမရှိသော အော်ရာသည် သူမ၏နှလုံးကို တိုက်ရိုက်တုန်လှုပ်စေခဲ့သည်။

ယခင်က နင်းမန်မန်းတွင် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံမရှိခဲ့သဖြင့် ဤကဲ့သို့သော ဖိအားများကို ထုတ်ဖော်နိုင်ခဲ့ခြင်း မရှိပေ။

ယခုမူ နင်းမန်မန်း၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံသည် အမှန်တကယ်ပင် ကောင်းကင်ကို တုန်လှုပ်စေသော အပြောင်းအလဲကို ကြုံခဲ့ရသည်ဟု ဆိုနိုင်ပေသည်။

တစ်နည်းဆိုရသော် သူမ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲခြင်းနှင့် အဆင့်မြှင့်တင်ခြင်းသည် ကောင်းကင်ဘုံကို အံတုနိုင်ခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now