268

129 9 0
                                    

အခန်း 268- ရောက်ရှိခြင်း

ကောင်းကင်နှင်းနန်းတော်၏ ရင်ပြင်တွင် တပည့်များသည်လည်း ကောင်းကင်တွင် ပြည့်နှက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို တွန်းလှန်ရန် ရုန်းကန်နေရသည်။

သို့သော် ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ကြောက်စရာကောင်းလွန်းလှသည်။ အင်ပါယာတစ်ပိုင်း နယ်ပယ်မှ ကျွမ်းကျင်သူများပင်လျှင် ၎င်းကို မတားဆီးနိုင်ပေ။ ထို့အပြင် ထောက်ထျဲ့သားရဲသည် ၎င်း၏မုန်းတီးမှုကို နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားခဲ့သည်။

ဤသတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် အမုန်းတရား၏ အဆီအနှစ်ဖြစ်သည်ဟု ဆိုနိုင်သည်။

ပိုင်အော့ရှန်သာ ထိုနေရာတွင်ရှိနေလျှင် ဤနေရာမှ တပည့်တော်တော်များများမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒများ ထိုးသွင်းခံထားရသည်ကို သတိပြုမိပေလိမ့်မည်။

သူတို့၏ မျက်လုံးများသည် သွေးကဲ့သို့ ရဲရဲနီလာကာ အမူအယာများလည်း အလွန်ကြမ်းတမ်းလာနေသည်။ သူတို့ကိုင်ဆောင်ထားသည့် ဓားရှည်များဖြင့် ဘေးနားမှ သူတို့၏ အပေါင်းအဖော်များကို စတင်ခုတ်ထစ်လာကြသည်။

သားရဲ၏ စိတ်ဆန္ဒများ လုံးဝ လွှမ်းမိုးခံလိုက်ရသူများဆိုလျှင် သူတို့ကိုယ်သူတို့ပင် လက်ထဲမှ ဓားများနှင့် ထိုးစိုက်ကာ အဆုံးစီရင်နေကြတော့သည်။

ကံမကောင်းစွာပင် ထိုသို့လုပ်နေသည်ကိုလည်း တားဆီးနိုင်မည်သူမရှိပဲ ကောင်ကင်နှင်းနန်းတော်တစ်ခုလုံး ရှုပ်ရှက်ခတ်ကုန်ကြ‌တော့သည်။

အနီးတစ်ဝိုက်တွင် တိုက်ပွဲများ သတ်ဖြတ်သံများဖြင့် ပြည့်နှက်နေပြီး နန်းတော်ရင်ပြင်သည် သွေးများချောင်းစီကာနေတော့သည်။

ထိုအချိန်တွင် ကောင်းကင်နှင်းနန်းတော်၏ အဝေးမှပင် ရီချန်းဂျီသည် ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားလိုက်မိပြီးဖြစ်သဖြင့် အရှိန်မြှင့်ကာ နန်းတော်ဆီသို့ အလျင်စလို ဆက်လာလိုက်ကြသည်။

သူတို့ရှေ့မှ မြင်ကွင်းမှာ ချူးယွဲ့လီကို လုံးဝအံ့အားသင့်သွားစေသည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now