238

177 12 0
                                    

အခန်း 238- လမ်းပိတ်ထားသည့်ဝက်ဝံလေး

ရီချန်းဂျီ သူ့နယ်ပယ်အမှန်ကို သူတို့ကို မပြောခဲ့‌ပေ။

အင်ပါယာအဆင့်ဆိုသည်မှာပင် သူတို့အား ဤအတိုင်းအတာအထိ ထိတ်လန့်စေခဲ့ပြီး ဖြစ်သည်။

သူသည် အင်ပါယာနယ်ပယ်တွင်မဟုတ်ပဲ အင်ပါယာအဆင့်ထက်ပင် ပို၍ကြောက်စရာကောင်းသော နတ်ဘုရားတစ်ပါးဖြစ်ကြောင်းကို ပြောပြလိုက်လျှင် သူတို့မည်သို့ဖြစ်သွားမည်ကို မည်သူသိမည်နည်း။

ဤကမ္ဘာတွင် အင်ပါယာအဆင့်မှာ အမြင့်ဆုံး ဖြစ်ဟန်ရသည်။

အဆင့်မြင့်သော ကမ္ဘာများတွင်သာ နတ်ဘုရားအဆင့်များကို မွေးဖွားပေးနိုင်မည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် နိမ့်ပါးသောကမ္ဘာများတွင် ကမ္ဘာတစ်ခုလုံး၏ ဝိညာဉ်ချီစွမ်းအင်များ သည် နတ်ဘုရားတစ်ပါး၏ စွမ်းအင်သုံးစွဲမှုကို မထောက်ပံ့နိုင်ဘဲ ကမ္ဘာကြီး၏ အရင်းအမြစ်များကို ကုန်ဆုံးစေနိုင်သောကြောင့် ဖြစ်သည်။

"စီနီယာက အရမ်းကြောက်ဖို့ကောင်းတာပဲ... ဒီလောက်အထိ မြင့်အောင့် ဘယ်လို ကျင့်ကြံခဲ့တာလဲ..."

လီမန်သည် ကပ်ဘေးဖြတ်ကျော်ခြင်းနယ်ပယ်သို့ မရောက်ရှိမီ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာရင်းနှီး၍ ကျင့်ကြံခဲ့ရသည်။ ထို့ကြောင့် ကျင့်ကြံခြင်း၏ အခက်အခဲကို ကိုယ်တိုင် သိရှိထားခဲ့သည်။

သို့သော် ရီချန်းဂျီသည် ဤမျှငယ်ငယ်လေးနှင့် လူတိုင်း အိပ်မက်မက်ခဲ့သော အင်ပါယာတစ်ပါး ဖြစ်နေခဲ့လေပြီ။ သူတို့ကြားမှ ကွာဟမှုမှာ အလွန်ကြီးမားလှသည်။

သူတို့နှင့် ရီချန်းဂျီကို နှိုင်းယှဥ်ကြည့်လျှင် မိမိကိုယ်ကိုယ် အားမလိုအားမရဖြစ်ကာ ဒေါသပင် ထွက်လာစေနိုင်ပေသည်။

ရီချန်းဂျီ၏ ရိုးသားမှု ရိုးရှင်းမှုတို့သည် လူတိုင်း၏စိတ်ကို ပို၍ပင် ထိခိုက်စေခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။

ရီချန်းဂျီမှာ ခပ်ဖျော့ဖျော့သာပြုံးပြလိုက်ကာ ပြန်ဖြေမနေတော့ပေ။ ၎င်းမှာ သူတို့ နှင့် သူ့အကြားမှ လိုက်၍မမှီနိုင်သော ပါရမီဟုပင် ပြောနေသည့်ပုံဖြစ်သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now