248

148 11 0
                                    

အခန်း 248- အဆင့်တစ်ဝက်အင်ပါယာ

နင်းမန်မန်းမှာ မည်သည့်အဆင့်တွင် ရောက်နေသနည်း။ သူတော်စင်တစ်ပိုင်းအဆင့်၏အထွတ်အထိပ်လား သို့မဟုတ် ချိုးဖြတ်ခြင်းအဆင့်လား။

လုယန်ချီသည် အတွေးထဲတွင် နစ်နေမိသည် ။

ပတ်ဝန်းကျင်ရှိ ကြည့်နေသူများလည်း အံ့ဩသွားကြသည်။

ကန္တာရဓားဂိုဏ်းမှ လီဖန်းတစ်ယောက် လေထဲတွင် ပျံသန်းသွားခဲ့သည်လား။

ထို့အပြင် ၎င်းမှာ လီဖန်း၏ဆရာ ရှီရှန်း အရှေ့တွင် ဖြစ်သည်။ ရှီရှန်းသည် သူ၏တပည့်များကို အလွန်အမင်းကာကွယ်ပေးတတ်ခြင်းဖြင့် ကန္တာရဓားဂိုဏ်းတစ်ခုလုံးတွင် ကျော်ကြားခဲ့သည်။

ယခု သူ့တပည့်သည် လူရှေ့သူရှေ့တွင်ပင် အရှက်ခွဲခံရသည်မှာ သူ့ကိစ္စပင် မကတော့ပေ။ ကန္တာရဓားဂိုဏ်းတစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့်ပါ ပက်သတ်နေတော့သည်။

ပို၍အရေးကြီးသည်မှာ ရှီရှန်း၏ ကျင့်ကြံမှုသည် အင်ပါယာတစ်ပိုင်းနယ်ပယ်၏ အထွတ်အထိပ်တွင်ဖြစ်သည်။ သူသည် ယခုအချိန်တွင် ကောင်းကင်နှင့် မြေကြီး၏ ဖြစ်စဉ်များကို နားလည်အောင် သုံးသပ်နေသဖြင့် ထိုကိစ္စကို မသိသေးပေ။  ခဏအကြာ သူ့တပည့်အဖြစ်ကိုမြင်လျှင် ဒေါသပုန်ထကာ သွေးမုန်တိုင်း ထန်ပေတော့မည်။

ရှီရှန်းရှေ့မှောက်တွင် မည်သူက သူ့တပည့်ကို တိုက်ခိုက်ရဲခဲ့သနည်း။

အားလုံးမှာ လုယန်ချီ ဘေးနားက အမျိုးသမီးငယ်ကို လှည့်ကြည့်လိုက်ကြသည်။ နင်းမန်မန်း၏ အမူအရာမှာ တည်ငြိမ်လွန်းနေပြီး သူမ၏မျက်နှာသည် ခံစားချက် လုံးဝမရှိပေ။

“သောက်ကျိုးနည်း... အဲဒါ ဘယ်သူလဲ... သူမ တိုက်ခိုက်တာ မြန်လိုက်တာ...!”

“ငါတော့မသိဘူး... လုယန်ချီ အနားမှာ ရပ်နေတာဆိုတော့ သူမကလည်း ကောင်းကင်နှင်းနန်းတော်ကများလား... သူ့အကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး...”

“ဘာပဲဖြစ်ဖြစ် ကန္တာရဓားဂိုဏ်းက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သူတို့ရဲ့ အဆင့်အတန်းကို အားကိုပြီး ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေ ကျူးလွန်ခဲ့တယ်... အခု နောက်ဆုံးတော့ သူတို့နဲ့ တန်တာကို ပြန်ရလိုက်တာပဲ...”

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now