247

151 11 0
                                    

အခန်း 247- လီဖန်း

ရီချန်းဂျီ ကျင့်ကြံနေခြင်းအား အဆုံးသတ်လိုက်သည်။

သူ၏ ကျင့်ကြံမှုသည် ယခုအခါ အင်ပါယာနယ်ပယ်၏ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ နတ်ဘုရားနယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးတော့သည်။

ရီချန်းဂျီ သူ့ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသော စွမ်းအင်များကို ခံစားလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

သူသည် နေ့တစ်ဝက်သာ ကျင့်ကြံခဲ့သော်လည်း ဤအဆင့်အထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။

အရင်ကအဆင့်ကို ပြန်လည်ရောက်ရှိဖို့ အချိန်သိပ်ကြာမှာမဟုတ်ဘူးဟု သူ ယုံကြည်သည်။

ယခုအချိန်သည် နင်းမန်မန်းကိုရှာဖွေရန်အချိန်ဖြစ်သည်။ ထို့နောက် သူ၏ ဝိညာဉ်အာရုံသည် လှုပ်ခတ်သွားပြီး သူ့မြင်ကွင်းများ ပြောင်းလဲသွားသည်။

သို့သော်လည်း သူ့ဝိညာဉ်အားရုံများ အပြင်သို့ ရောက်လာသည်နှင့် သူ အံ့ဩသွားရသည်။

ယခုအချိန်တွင် ဂူအပြင်ဘက်တွင် ပညာရှင်များစွာ စုရုံးနေပြီဖြစ်သည်။ အားလုံးမှာလည်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။

သူတို့အားလုံးဟာ ဂိုဏ်းပေါင်းစုံမှ ရောက်လာကြခြင်းဖြစ်မှန်း သိသာပေသည်။ ထူးခြားသော ကောင်းကင်နှင့်မြေကြီးမှ ဖြစ်စဉ်များကြောင့် ၎င်းတို့ကို ဤနေရာသို့ ဆွဲဆောင်ခဲ့သည်မှာ သံသယရှိစရာမလိုပေ။ ၎င်းတို့ထဲမှ အများစုမှာ သူတော်စင်တစ်ပိုင်းအဆင့် ပညာရှင်များဖြစ်သည်။ ၎င်းတို့ကြားတွင် အင်ပါယာတစ်ပိုင်းများလည်း အနည်းငယ် ရှိနေခဲ့သည်။

၎င်းသည် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။

အင်ပါယာတစ်ပိုင်း နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသူများအတွက် ဤသည်မှာ ကောင်းကင်ဘုံမှ ပေးအပ်သည့် အခွင့်အရေးဖြစ်သည်။ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကြရပေမည်။ ထိုအခွင့်အရေးကို လွတ်သွားခဲ့လျှင် နောက်တစ်ကြိမ် ဘယ်အချိန်မှ ရောက်လာတော့မည်ကို မည်သူမျှ မသိနိုင်ကြပေ။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now