306

77 6 0
                                    

အခန်း 306- အင်ပါယာအဆင့်သို့တိုက်ရိုက်တက်ရောက်ခြင်း

"ဘာတွေဖြစ်နေတာလဲ…" လီကျန်းထျန် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ကောင်းကင်တွင် အားကောင်းသော အော်ရာတစ်ခုက လီမိသားစုအိမ်ဝင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသဖြင့် သူ အမြန်ထွက်လာခဲ့ခြင်းဖြစ်သည်။

ယခု လီမြောင်ရှန်၏ ခြံဝင်းလေးထဲမှ ထိုအငွေ့အသက်များ ဝင်လာနေသည်ကို သူ သိလိုက်ရသောအခါတွင် သူ့အမူအရာမှာ ရုတ်တရက် တင်းမာသွားလေသည်။ လီမြောင်ရှန်၏ အအေးဓာတ်ချိစွမ်းအင်များသည် အစီအရင်ကို ဖောက်ထွက်လာနိုင်မည်ဟု သူ ထင်နေခဲ့သည်။

၎င်းမှာ လီမိသားစုတစ်ခုလုံး ထိခိုက်မည့် အရေးဖြစ်သဖြင့် သူ ဂရုမစိုက်ပဲ မနေနိုင်ပေ။

"ပထမအကြီးအကဲ.... ရှန်အာ အင်ပါယာအဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီ..." လီချန်းထျန်၏ အသံသည် တုန်လှုပ်လျှက်သည်။

ထျန်းဒူမြို့တော်မှာပင် အင်ပါယာများမှာ ရှားရှားပါးပါး တည်ရှိနေသော ပုဂ္ဂိုလ်များဖြစ်သည်။ ရှန်အာ၏ အဆင့်အတန်းသည် တဟုန်ထိုးတက်လာတော့မည်မှာ သံသယရှိစရာမလိုတော့ပေ။

ထိုအချိန်ရောက်သောအခါတွင် သူသည် မိသားစုခေါင်းဆောင် ဖြစ်လျှင်ပင် သူ့သမီးငယ်မှာ သူ့ထက် အဆင့်အတန်းမြင့်သွားတော့ပေမည်။ သို့သော် သူ မနာလိုမဖြစ်မိပေ။ အဆုံးမဲ့အောင်ပင် ပျော်ရွှင်နေရပေသည်။

သူမ၏ အဆင့်အတန်း မည်မျှပင် မြင့်မားစေ သူမသည် သူ၏ သမီးသာ ဖြစ်သည်။

“ဘာ.....” လီကျန်းထျန် အံ့သြသွား၏။

ထိုစကားမှာ သူ့အား အလွန်ထိတ်လန့်သွားစေသည်။ ဤမျှတိုတောင်းသော အချိန်ကာလအတွင်းတွင် လီမြောင်ရှန်သည် ကပ်ဘေးနယ်ပယ်မှ အင်ပါယာတစ်ပါး ဖြစ်လာခဲ့သည်။

မည်သို့ပင်တွေးစေ ၎င်းမှာ ဟာသတစ်ခုထက်မပိုပေ။

ထိုအချိန်တွင် ကောင်းကင်မှ အော်ရာသည် ပို၍ ပို၍ ကြီးမားလာခဲ့သည်။ ဝိညာဉ်စွမ်းအင်များသည် အဆက်မပြတ်စုဝေးနေပြီး ခြံဝင်းငယ်အထက် ကောင်းကင်ယံတွင် စုဖွဲ့နေလျှက် ရှိသည်။ ထိုဝိညာဉ်စွမ်းအင် အစုအဖွဲ့ကြီးသည် ရေဝဲကြီးတစ်ခုလိုဖြစ်နေပြီး အောက်သို့ နိမ့်ကျလာနေ၏။ ထိုအရာကြီးအား ကြည့်ရသည်မှာ နဂါးငွေ့တန်းကြီး ပြိုကျနေခြင်း သို့မဟုတ် အထက်ကောင်းကင်ဘုံကိုးခုမှ တိမ်များ ပြိုကျနေခြင်းဟုပင် ထင်ရလေသည်။ ၎င်း၏ အော်ရာမှာလည်း ထူးခြားဆန်းကြယ်လွန်းနေခဲ့သည်။

ငါ့တပည့်တွေရူးနေကြပြီ(Book2)Where stories live. Discover now